ရိုဟင်ဂျာအသုံးအနှုန်း သုံးမည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

ရိုဟင်ဂျာအသုံးအနှုန်း သုံးမည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော
by -
မဇ္စျိမ
ရခိုင်ပြည်နယ်က လူနည်းစုမွတ်စလင်များကို ပြောဆိုရည်ညွန်းရာတွင် အစိုးရက ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို သုံးစွဲခြင်းပြုမည်မဟုတ်ကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ ယန်ဟီးလီအား ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ကြောင်း တာဝန်ရှိသူတစ်ဦးက ရိုက်တာသို့ ဇွန် ၂၀ရက်၌ ပြောသည်။

ဧပြီလအတွင်း အစိုးရအာဏာ ရခဲ့ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်အား ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ ယန်ဟီးလီက ပထမဆုံးခရီးစဉ်အဖြစ် နေပြည်တော်၌ လာရောက်တွေ့ဆုံခြင်းဖြစ်သည်။

"ဒီမနက်ပိုင်းမှာ ကျွန်တော်တို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အငြင်းပွားဖွယ် အသုံးအနှုန်းကို ရှောင်ရှားသင့်လို့ အစိုးရအနေနဲ့ သုံးစွဲမည်မဟုတ်ကြောင်းကို ရှင်းလင်းပြောဆိုခဲ့တာပါ။"  ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်လင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်လအတွင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ရိုဟင်ဂျာအရေးပြဿနာနှင့်ပတ်သက်ပြီး ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံအနေဖြင့် အချိန်တစ်ခု လိုအပ်ကြောင်း ပြောပြီး အခြေအနေများကို ပိုပြီး အကျပ်အတည်းဖြစ်စေမည့် စိတ်ခံစားမှုလှုံ့ဆော်မှုများ ပါသော အသုံးအနှုန်းကို သုံးစွဲခြင်း မပြုရန် သတိပေးတိုက်တွန်းခဲ့သည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...