နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အနယ်နယ်အရပ်ရပ်တွင် ကျင်းပ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အနယ်နယ်အရပ်ရပ်တွင် ကျင်းပ
by -
မဇ္စျိမ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲကို ဒီနေ့ ဇွန်လ ၁၉ ရက် မနက် ၅ နာရီက ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။

ဒီပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးသူတွေက ဦးစီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဘဘဦးတင်ဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင် တိုင်းဒေသကြီး ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်များက တက်ရောက်ခဲ့ပါတယ်။

မနက်ပိုင်း ၅ နာရီမှာတော့ ပင့်သံဃာ ၅ ပါးကို အာရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တာဖြစ်ပြီး၊ မနက် ရ နာရီမှာ သံဃာ အပါး ၂၅၀နဲ့ သီလရှင်ဆရာလေးအပါး ၅၀ ကျော်တို့ကို ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ပါတယ်။

မနက် ၁၀ နာရီမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဘဘဦးတင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊   ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်စေဖို့နဲ့   နိုင်ငံအကျိုး ဆက်လက်သယ်ပိုးနိုင်စေဖို့ ဆုတောင်းစကားပြောကာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား မွေးနေ့ကိတ်ခွဲပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တက်ရောက်လာသူတွေက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ အသက်ရာကျော်ရှည်ပါစေ စတဲ့ဆုတောင်းစကားသံများရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါတယ်။

အလားတူ ရန်ကုန်၊ မန္တလေးမြို့၊ ပုသိမ်မြို့၊ မကွေး စသည့် မြို့နယ်များတွင်လည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်အနေဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ သစ်ပင်စိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ (၇၁) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် မွေးနေ့ဆုတောင်းခြင်းနှင့် မွေးနေ့ကိတ်လှီးခြင်းများကို ပြုလုပ်ခဲ့ပြီး တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြသည်။

ယင်းအပြင် မွေးနေ့အထိမ်းအမှတ် ဓာတ်ပုံ၊ ပန်းချီပြပွဲကို ဇွန်လ ၁၉ရက်မှ ၂၁ရက်ထိ ကျင်းပမည်ဖြစ်သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...