လွှတ်တော်တွင် သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောမည်

လွှတ်တော်တွင် သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောမည်
by -
မဇ္စျိမ
နေပြည်တော်(ဇန်နဝါရီ ၂၇)။ ။ သမ္မတဦးသိန်းစိန်သည် ဇန်နဝါရီ ၂၈ရက် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြား မည်ဖြစ်ကြောင်း သမ္မတရုံးအကြီးတန်းအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

ပထမအကြိမ် လွှတ်တော်သက်တမ်းသည် ဇန်နဝါရီ ၂၉ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းမကုန်ခင် တစ်ရက်အလိုတွင် သမ္မတဦးသိန်းစိန်က မိန့်ခွန်းလာရောက် ပြောကြားမည် ဖြစ်သည်။ မိန့်ခွန်းပြောကြားရန် လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ထားပြီးလည်း ဖြစ်သည်။

ဒုတိယအကြိမ်လွှတ်တော်သက်တမ်းသည် ဖော်ဖော်ဝါရီ ၁ရက်တွင် စတင်မည်ဖြစ်ပြီး အမတ်သစ်များအနေဖြင့် ဇန်နဝါရီ ၂၇ရက်မှ ၂၉ရက်နေ့အထိ ၃ရက်ကြာ လေ့လာသူများအဖြစ် တက်ရောက်ကြရန် လွှတ်တော်ရုံးများက အသိပေးထားသည်။

မိန့်ခွန်းပြောကြားမည့် သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်းမှာမူ လာမည့် မတ်လကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး နိုဝင်ဘာရွေးကောက်ပွဲ တွင် အပြတ်အသတ်အနိုင်ရထားသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က အစိုးရတစ်ရပ် ဖွဲ့စည်းရတော့မည် ဖြစ်သည်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...