ဘိန်းခင်းဖျက်မည့်အဖွဲ့ကို ဘိန်းခင်းပိုင်ရှင် ၁၀၀ ကျော်က တားဆီး

ဘိန်းခင်းဖျက်မည့်အဖွဲ့ကို ဘိန်းခင်းပိုင်ရှင် ၁၀၀ ကျော်က တားဆီး
by -
မဇ္စျိမ
ကချင်ပြည်နယ် ပြည်သူလူထုအခြေပြု၍ ဖွဲ့စည်းထားသော ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့နှင့် အစိုးရလုံခြံုရေး ရဲတပ်ဖွဲ့တိုု့ ဇန်နဝါရီ ၂၃ရက်နေ့က ဘိန်းခင်း ဖျက်ဆီးရန် ချီဘွေမြို့ရှငေါဒေသသို့ အသွား ခရမ်ဂျူကျေးရွာအရောက်တွင် ဘိန်းခင်းပိုင်ရှင် ရွာသား ၁၀၀ကျော်က တားဆီးပိတ်ပင်မှုကြောင့် ညှိနှိုင်းမှုများ ပြုလုပ်နေရကြောင်းသိရသည်။

လုံခြံုရေး တာဝန်ယူပေးသော ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ကက်သလစ်အသင်းတော်မှ ဘုန်းတော်ကြီးတို့ ဦးဆောင်သော လူ ရ ဦးတုုိ့က ဇန်နဝါရီလ ၂၄ ရက်တွင် ရွာသားများနှင့် သွားရောက် ညှိနှိုင်းခဲ့ ရသည်ဟု မြစ်ကြီးနားမြိို့နယ် ကချင်မူးယစ်ဆေးဝါး တုုိက်ဖျက်ရေးအဖွဲ့မှ အတွင်းရေးမှူး ဦးအင်ခွမ် တန်ဂွန်းက ပြောသည်။
 
“ကျနော်တိုု့ လူတွေ ချီဖွေမရောက်ခင် ခရမ်းဂျူမှာ ရောက်နေပြီ။ အဲဒီရွာအကျော် လမ်းတစ်နေရာမှာ ဘိန်းစုုိက်တဲ့ ဒေသခံရွာသား ၁၀၀ လောက်က တားဆီးတယ်။ ကျနော်တုုိ့ဘက်က လုံုခြံုရေးက ရဲတပ်ဖွဲ့မှူး၊ ကက်သလစ်က ဖာသာတိုု့ပါတဲ့ လူ ၅ ဦးက ဒီနေ့ သွားညှိနှိုင်းဖုုိ့ သွားတယ်။ အဲဒီမှာ သူတိုု့ပြောတာက မင်းတို့အစုုိးရကနေ လူထုနဲ့ ဘိန်းခင်းတွေကို ဖျက်ဆီးမယ်ဆုုိရင် ကျွန်တော်တိုု့လည်း လုုိက်ဖျက်ဆီးကူမယ်။ မင်းတုုိ့ ဘိန်းခင်းတွေ ဖျက်ဆီးမယ်ဆုုိရင် ဆန်အိတ်တွေ အရင်ချထားပေးပါဆုုိပြီး ပြောတယ်။ ဘာကြောင့် ပြောတာလဲဆုုိတာတော့ မသိဘူး” ဟု ၎င်းက မဇ္စျိမကုုိ ပြောသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့နှင့် လုံခြံုရေးတာဝန်ယူပေးသော ရဲတပ်ဖွဲ့အား လာရောက်ညွှန်ကြားရန်အတွက် ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)တိုင်းမှူးနှင့် ရဲမှူးကြီးတို့ဦးဆောင်သော အဖွဲ့က ဇန်နဝါရီ ၂၅ရက်နေ့ နံနက်ပိုင်းတွင် ထွက်ခွာလာပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

ကချင် မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးအဖွဲ့ အင်အား ၁၂၀၀ ကျော်နှင့် မြစ်ကြီးနားခရုုိင် ရဲတပ်ဖွဲ့မှူး အပါ အဝင် ရဲတပ်ဖွဲ့ ၃၀ ဦးနှင့် စစ်တပ်မှ အင်အား ၂၅ ဦး စုုစုုပေါင်း (၅၅) ဦးတုုိ့သည် ဇန်နဝါရီလ ၂၃ ရက်က ကချင်ပြည်နယ် ဝုုိင်းမော်မြို့မှ စတင် ထွက်ခွာခဲ့ရာမှ ယနေ့တွင် ချီဖွေမြို့နယ် ခရမ်းဂျူကျေးရွာတွင် ရောက်ရှိနေခြင်း ဖြစ်သည်။

ဒေသခံ ဘိန်းစုုိက်ခင်းပုုိင်ရှင်များက တားဆီးပိတ်ပင်မှုများ ရှိသဖြင့် ယနေ့ထိ ဘိန်းခင်းများ ဖျက်ဆီးနုုိင်ခြင်း မရှိသေးသော်လည်း မနက်ဖြန် ဇန်နဝါရီလ ၂၆ ရက်တွင် ခရမ်ဂျူကျေးရွာမှ ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း သူက ဆုုိသည်။

“ဘိန်းစုုိက်တဲ့လူတွေရဲ့ နောက်မှာ ပြည်သူ့စစ်နဲ့ စစ်တပ်တွေလည်း ပါတယ်လိုု့ ပြောနေကြတယ်။ ဘိန်းစုုိက်တဲ့ လူတွေဘဲ ဆုုိရင်တော့ အဲဒီလောက် မဟုုတ်ဘူး။ သူတုုိ့ နောက်ကွယ်မှာ စစ်တပ်ကလည်း ပါဝင်နေတယ်ဆုုိလုုိ့ တစ်ခုခုု ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တိုု့အဖွဲ့နဲ့ လုုိက်ပါလာတဲ့ ရဲတပ်ဖွဲ့တွေ အထက်ကုုိ ပြန်အကြောင်းကြားလား၊ မကြားဘူးလားဆုုိတာ မေးမြန်းနေတုန်းဘဲ”ဟုု သူက ပြောသည်။

လက်ရှိ ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များ သွားရောက်နေသော နေရာသည် ပန်ဝါပြည်သူ့စစ်များ လှုပ်ရှားနေသော နေရာများ ဖြစ်သော်လည်း ကန်ပုုိင်တီ ပြည်သူ့စစ်များလည်း လာစောင့်နေမှုများရှိသည်ဟုု သတင်းများ ထွက်ပေါ်နေသည်ဟုု ၎င်းက ဆုုိသည်။

အစောပုုိင်းက ကချင်မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးအဖွဲ့မှ ဝုုိင်းမော်မြို့နယ်၊ ဆဒုံုးမြို့နယ်ခွဲ၊ ကန်ပုုိင်တီမြို့နယ်ခွဲ ဒေသများရှိ ဘိန်းခင်းများ သွားရောက် ဖျက်ဆီးရန် စီစဉ်ခဲ့သော်လည်း လုံုခြံုရေးစုုိးရိမ်ရသဖြင့် ချီဖွေမြို့နယ်အတွင်းရှိ ဘိန်းခင်းများအား အရင် ဖျက်ဆီးရန် ပြည်နယ် အစုုိးရဘက်မှ ညွန်ကြားပေးခဲ့ခြင်း ဖြစ်သည်ဟုု ဦးအင်ခွမ်တန်ဂွန်းက ပြောသည်။

ဆဒုံုးမြို့နယ်ခွဲနှင့် ကန်ပုုိင်တီမြို့နယ်ခွဲ ဒေသများတွင် အစုုိးရ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့များဖြစ်သော ပန်ဝါ ပြည်သူ့စစ်နှင့် ကန်ပုုိင်တီ ပြည်သူ့စစ်တိုု့ ထိန်းချုပ်နေသော နယ်မြေများ ဖြစ်ပြီး ၄င်းဒေသများတွင် ဘိန်းခင်း ဧကပေါင်း ၂၀၀၀ ခန့် စုုိက်ပျိုးထားသည်ကုုိ ဒေသခံများ တွေ့ရှိထားသည်ဟုု ကချင်မူးယစ်ဆေးဝါး တုုိက်ဖျက်ရေးအဖွဲ့က ဇန်နဝါရီ ၂၀ ရက်က ထုုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထုုိဒေသများရှိ ဘိန်းခင်းများ ဖျက်ဆီးရန်အတွက် ဇန်နဝါရီလ ၁၉ ရက်က ကချင်မူးယစ်ဆေးဝါး တုုိက်ဖျက်ရေးအဖွဲ့က စတင်ထွက်ခွာရန် စီစဉ်ခဲ့သော်လည်း ဘိန်းခင်းစုုိက်သည့် ဒေသခံများမှ ဘိန်းများ လာရောက် ဖျက်ဆီးပါက တားဆီး ပစ်ခတ်မည်ဟုု ခြိမ်းခြောက် ပြောဆုုိမှုများရှိသဖြင့် အစုုိးရ ခွင့်ပြုချက်ဖြင့် လုံုခြံုရေး ရဲတပ်ဖွဲ့များနှင့်အတူ သွားရောက်နေခြင်း ဖြစ်သည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...