ပြင်ဦးလွင် အင်ဂျင်နီယာတပ်မှ ဒုအရာခံဗိုလ်ကို ဒေသခံတောင်သူ တရားစွဲ

ပြင်ဦးလွင် အင်ဂျင်နီယာတပ်မှ ဒုအရာခံဗိုလ်ကို ဒေသခံတောင်သူ တရားစွဲ
by -
မဇ္စျိမ
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့နယ် ရွာထောင်ရွာတွင် အမှတ် (၉၅၈) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်မှ ဒုအရာခံဗိုလ် နေထွန်းအား တရားစွဲဆိုထားကြောင်း တောင်သူများက ဇန်နဝါရီလ ၂၅ ရက်၊နံနက် ၁၁ နာရီက ၆၂လမ်းမပေါ်ရှိJJ Cafe တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တောင်သူ ဦးပြေလှကပြောသည်။

အဆိုပါ ဒုအရာခံဗိုလ်အား ပြင်ဦးလွင် မြို့နယ်တရားရုံး ၊ ပြင်ဦးလွင် ခရိုင်တရားရုံးတို့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၇ / ၄၄၇ တို့ဖြင့် တရားစွဲသော်လည်း အမှုအားပလပ်လိုက်သဖြင့် မန္တလေး တိုင်းဒေသကြီး တရားရုံးတွင် အယူခံတက်ရာ ပြစ်မှုအား ပြင်ဆင်သည့် အမှတ် ၆၅၉(ခ)/၁၅ ဖြင့် လက်ခံခဲ့ရာ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် နှစ်ဖက်လျှောက်လဲချက် ကြားနာမည်ဖြစ်သည်ဟု တရားစွဲဆို ထားသူ ဦးပြေလှကဆိုသည်။

``လုပ်စားလာတာ နှစ်ပေါင်း ၃၀ ကျော်နေပြီ စစ်အစိုးရ လက်ထက်မှာ ဘာမှပြဿနာမရှိပဲ ဒီမိုကရေစီ လက်ထက် ဦးသိန်းစိန်အစိုးရလက်ထက်မှာမှ ကျွန်တော်တို့မြေပေါ်ကို အတင်းဝင်ပြီး စက်ကြီးတွေနဲ့ ဖျက်စီးပစ်တာ ။ ကျွန်တော်ကတော့ ကျွန်တော့် သားသမီး မြေးမြစ်တွေကို ပြန်ခွဲပေးချင်တယ် ။´´ ဟု တရားစွဲဆိုသူ ဦးပြေလှ က ပြောသည် ။

ယင်းမြေအား ဦးပြေလှအနေဖြင့် ၁၉၇၉ခုနှစ်ကတည်းက ဓားမဦးချ ခုတ်ထွင်ရှင်းလင်းလုပ်ကိုင်ခဲ့သည့် မြေဧက ၅ ဧက ကျော်အား ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ က အမှတ် (၉၅၈) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်မှ ဘားတိုက်ဆောက်လုပ်ရန် သိမ်းဆည်းခဲ့သည် ။ ထိုသို့သိမ်းဆည်းမည်ဆိုသည့် အကြောင်းအား တရားဝင်စာဖြင့် အကြောင်းကြားခြင်းမပြုပဲ တရားဥပဒေမဲ့ သိမ်းဆည်းခြင်းဖြစ်ကြောင်း ဦးပြေလှက ဆက်လက်ပြောကြားသည် ။

မြေမသိမ်းခင်အချိန်က အမှတ် (၉၅၈) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်မှ ဦးပြေလှအား ခေါ်ယူ၍ မြို့နယ်စိုက်ပျိုးရေးက သတ်မှတ်သော သီးနှံများစိုက်ပျိုးရန် နှစ်ရှည်ပင်စိုက်ပျိုးခြင်းမပြုရန် အခိုင်အမာအဆောက်အဦး မဆောက်ရန် လက်လွှဲစိုက်ပျိုးခြင်းမပြုရန် စသည့် အချက်များပါဝင်သော စာချုပ်တွင် လက်မှတ်ထိုးပေးရန် ညှိနှိုင်းခဲ့သည် ။

``ကျွန်တော်တို့က သူတို့သတ်မှတ်တဲ့ စည်းကမ်းတွေနဲ့ လုပ်လိုက်ရင် သီးစားချခံထားရသလိုဖြစ်သွားမှာ ဒါ့ကြောင့် လက်မှတ်ထိုးမပေးခဲ့ဘူး ။ နောက်ပြီး သူတို့တွေ ဖျက်စီးခဲ့လို့ စိုက်ပျိုးထားတဲ့ ငှက်ပျောပင်တွေပျက်တယ် ။ မြေတွေလည်း စက်ကြီးတွေနဲ့ ထိုးသွားတယ် ။ ကျွန်တော့် အဘရဲ့မြေဟာ မြေစာရင်းမှာ နာမည်ပေါက်ပြီးဖြစ်တယ် ။´´ ဟု ဦးပြေလှ ၏ မြေးဖြစ်သူ ကိုတင်ကိုကိုဦး က ပြောသည် ။

ထို့အပြင် ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း တပ်မတော်ယာဉ် ၄ စီးဖြင့် သေနတ်များ ကိုင်ဆောင်ထားသော တပ်သား ၃၀ ခန့်ဖြင့် ခြံအတွင်း စိုက်ထူထားသည့် ဆိုင်းဘုတ်များအားဖျက်စီးခဲ့သည်ဟုလည်း ကိုတင်ကိုကိုကဆိုသည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသူ  ဒုအရာခံဗိုလ်နေထွန်းအား ဆက်သွယ်မေးမြန်းရာ ပြန်ဖြေကြားခြင်း မရှိပေ။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...