လွှတ်တော် အမတ်အသစ်များ နေပြည်တော်သို ့စတင်ရောက်ရှိ

လွှတ်တော် အမတ်အသစ်များ နေပြည်တော်သို ့စတင်ရောက်ရှိ
by -
မဇ္စျိမ
 ဖေဖော်ဝါရီလ ၁ ရက်နေ ့တွင်စတင်မည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော် ပုံမှန် အစည်းအဝေးများသို့ တက်ရောက်ရန် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော လွှတ်တော်အမတ် အသစ်များသည် ဇန်နဝါရီ ၂၄ ရက်နေ ့ ညနေပိုင်းမှစတင် ကာ နေပြည်တော်သို ့ရောက်ရှိလာကြသည်။

တိုင်းရင်းသားပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ နှင့် NLD ပါတီလွှတ်တော် ကိုယ်စားပြု ကိုယ်စားလှယ်များ သည် နေပြည်တော် စည်ပင်ရိပ်သာတွင် အများစုနေထိုင်ကြမည်ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်အသစ်အများစုသည် ပါတီဌာနချုပ်ရုံးတွင် နေထိုင်ကြမည်ဖြစ်ကာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အများစုသည် ပုဗ္ဗသီရိမြို့နယ် ၊ ရွာတော်ရှိ အမှတ် ( ရ) တည်းခိုရေးစခန်းတွင် နေထိုင်ကြမည်ဖြစ်သည်။

ပြည်နယ် နှင့် တိုင်းများ မှ ရောက်ရှိလာသည့် ကိုယ်စားလှယ်အသစ်များကို စိစစ်ရေးကတ်များ ထုတ်ပေးခြင်း ၊ အသိအမှတ်ပြုလွှာများ ထုတ်ပေးခြင်း ၊ ခရီးစရိတ် ကုန်ကျငွေများ ပြန်လည်ထုတ်ပေးခြင်းများကို နေပြည်တော်ရှိ ကိုယ်စားလှယ်များနေထိုင် သည့် နေရာသုံးနေရာ နှင့် လွှတ်တော်ရုံး အမှတ် (၂၀) တွင် လွှတ်တော်ရုံး ၀န်ထမ်းများမှ ဆောင်ရွက်ပေးလျက်ရှိသည်။

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...