ကချင်ပြည်နယ် ချီဖွေမြို့နယ် ရှငေါဒေသရှိ ဘိန်းခင်းများကို ဖျက်ဆီးမည်

ကချင်ပြည်နယ် ချီဖွေမြို့နယ် ရှငေါဒေသရှိ ဘိန်းခင်းများကို ဖျက်ဆီးမည်
by -
မဇ္စျိမ
ကချင်လူထုုအခြေပြု မူးယစ်ဆေးဝါး တုုိက်ဖျက်ရေးအဖွဲ့အား ဘိန်းခင်းများ တုုိက်ဖျက်ရန် မြောက်ပုုိင်းတ်ုုိင်း စစ်ဌာနချုပ် (မပခ) နှင့် ပြည်နယ် အစုုိးရက လုံခြံုရေးအစောင့်အရှောက်ဖြင့် ခွင့်ပြုလုုိက်ပြီဖြစ်သည်။

ရဲတပ်ဖွဲ့မှ လုံုခြံုရေးတာဝန်ယူ၍ ဇန်နဝါရီလ ၂၃ ရက်တွင် ဘိန်းခင်းများကုုိ သွားရောက် တုုိက်ဖျက်မည်ဟု သိရသည်။

ဖျက်ဆီးရန် ပြည်နယ် ရဲတပ်ဖွဲ့နှင့်အတူ ကချင်မူးယစ်ဆေးဝါး တုုိက််ဖျက်ရေးအဖွဲ့ အင်အား ၁၂၀၀ ဦးတုုိ့က ချီဖွေမြို့နယ် ရှငေါဒေသများရှိ ဘိန်းခင်းများအား သွားရောက် တုုိက်ဖျက်မည်ဖြစ်ကြောင်း ကချင်မူးယစ်ဆေးဝါး တုုိက်ဖျက်ရေးအဖွဲ့မှ အတွင်းရေးမှူး ဦးအင််ခွန်တန်ဂွန်း က ပြောသည်။

ဝုုိင်းမော်မြို့နယ်အတွင်းရှိ ဘိန်းခင်းများ ဖျက်ဆီးနိုင်ရန် လုံုခြံုရေးဆုုိင်ရာ တားဆီးမှုများရှိသဖြင့် ပြည်နယ်အစုုိးရမှ လုံုခြံုရေး အကူအညီရရှိရေးအတွက် မပခနှင့် ပြည်နယ်အစုုိးရထံ ဇန်နဝါရီလ ၂၀ ရက်ကတည်းက တင်ပြခဲ့ခြင်းဖြစ်သည်။

ဦးအင််ခွန်တန်ဂွန်း က “အခုုတော့ ရှငေါခခုုိးဘက် အရင်သွားကြပါ။ ဆဒုံုးနဲ့ ကန်ပုုိင်တီဘက် ရဲတပ်ဖွဲ့ မပါဘဲ မသွားကြဖုုိ့၊ ရှငေါခခုုိးဘက်မှာက နည်းနည်းရှင်းနေလုုိ့ ရဲတပ်ဖွဲ့နဲ့ လုံုခြံုရေးလုုိက်ပေးမယ်။ အဲဒီဘက် အရင်သွားကြဖုုိ့ ပြောတယ်။ ဝုုိင်းမော်ကနေ တက်သွားရင် ချီဖွေသွားတဲ့ကားလမ်းပေါ် ရှငေါဆုုိတဲ့ရွာရှိတယ်။ လုံုခြံုရေး ၃၀ နဲ့ အဲဒီရွာကနေ နယ်စပ်ဘက်ကုုိ အရင်သွားဖုုိ့ ညွန်ကြားလာတယ်။” ဟုု ပြောသည်။

မူးယစ်ဆေးဝါး တုုိက််ဖျက်ရေးအဖွဲ့မှ ရဲတပ်ဖွဲ့ အင်အား ၅၀ ဦးခန့် လုုိက်ပါပေးရန် တောင်းဆုုိထားသော်လည်း ပြည်နယ် ရဲတပ်ဖွဲ့ အင်အား ၃၀ ဖြင့်သာ လုံုခြံုရေးလုုိက်ပေးမည်ဟုု ပြောဆုုိနေကြောင်း သိရသည်။

ကချင်ပြည်နယ် ဝုုိင်းမော်မြို့နယ် တရုုတ်-မြန်မာနယ်စပ် ဆဒုံုးမြို့နယ်ခွဲနှင့် ကန်ပုုိင်တီမြို့နယ်ခွဲတို့ရှိ ဘိန်းခင်းများ ဖျက်ဆီးရန်မှာ လုံုခြံုရေး စုုိးရိမ်ရသဖြင့် ချီဖွေမြို့နယ် ရှငေါဒေသရှိ ဘိန်းခင်းများကုုိ ဦးစွာသွားရောက် ဖျက်ဆီးရန် ပြည်နယ်အစုုိးရက ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလ ၁၉ ရက်၌ မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးအဖွဲ့များက သွားရောက် တုုိက်ဖျက်ရန် စီစဉ်ခဲ့သော်လည်း ယင်းဒေသများတွင် လှုပ်ရှားနေသော ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်ဖွဲ့များက လက်နက်များဖြင့် တားဆီးပစ်ခတ်မည်ဟုု ခြိမ်းခြောက် သတင်းပေးမှုများရှိသဖြင့် ၄င်းတုုိ့၏ အစီအစဉ် ခေတ္တရပ်နားခဲ့ရသည်။

ဝုုိင်းမော်မြို့နယ် ဆဒုံုးမြို့နယ်ခွဲ၊ ကန်ပုုိင်တီမြို့နယ်ခွဲ ဒေသများတွင် ဒေသခံ ပြည်သူများ၏ လေ့လာတွေ့ရှိချက်အရ ဘိန်းစုုိက်ခင်း ဧက ၂၀၀၀ ခန့် ကျန်ရှိနေသေးကြောင်း သိရှိရသဖြင့် အချိန်မီ ဖျက်ဆီးနုုိင်ရန် ကချင်မူးယစ်ဆေးဝါး တုုိက်ဖျက်ရေးအဖွဲ့က လုံခြံုရေး ခွင့်ပြုချက် တောင်းခံခဲ့ခြင်းဖြစ်သည်။

ဆဒုံုးမြို့နယ်ခွဲနှင့် ကန်ပုုိင်တီမြို့နယ်ခွဲဒေသများတွင် အစုုိးရ စစ်တပ် လက်အောက်ခံ ဇခုံုတိန်ယိန်း ဦးဆောင်သော နယ်ခြားစောင့်တပ်ဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့များ လှုပ်ရှားနေသည်။

ဇန်နဝါရီလ ၁၅ ရက်ကလည်း တနုုိင်းဒေသများ၌ ဘိန်းခင်းများ သွားရောက် ဖျက်ဆီးနေစဉ် ဘိန်းခင်းပုုိင်ရှင်များက ပစ်ခတ်သည့် တူမီးသေနတ်ကျည် ထိမှန်၍ အသက် ၁၉ နှစ်အရွယ် လထော်ဂျိုးဇက်တူးဇုုိင် သေဆုံုးခဲ့ရသည်။

၂၀၁၄ ခုုနှစ် ဧပြီလမှ စတင်၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပုုိင်းရှိ မြို့နယ် ၁၉ မြို့နယ်တွင် ကချင် မူးယစ် ဆေးဝါးတုုိက်ဖျက်ရေးကော်မတီများအား ဖွဲ့စည်း၍ ၂၀၁၄ ခုုနှစ်နှင့် ၂၀၁၅ ခုုနှစ်အတွင်း ဘိန်းခင်း ဧက ၃၀၀၀ ကျော် ဖျက်ဆီးနုုိင်ခဲ့ပြီဟု သိရသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...