ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်/ကျဉ်း ၃၉ ဦးသာပါရှိ

ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်/ကျဉ်း ၃၉ ဦးသာပါရှိ
by -
မဇ္စျိမ
ဦးသိန်းစိန်အစိုးရ၏ နောက်ဆုံး လက်ကျန်သက်တမ်းတွင် ခွင့်ပြုပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၃၉ဦးသာ ပါရှိသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ အထွေထွေအတွင်းရေးမှူး ဦးဘိုကြည်က မဇ္စျိမကို အတည်ပြု ပြောကြားသည်။

"နိုင်ကျဉ်း ၃၉ဦးပဲပါတယ်၊ ကျန်တာက အကောက်ခွန် ၀န်ထမ်း ၁၅ယောက်နဲ့ တခြားရာဇဝတ်မှုနဲ့ပက်သက်ပြီး ထောင်ကျနေတဲ့ သူတွေ၊ နိုင်ငံရေးနဲ့ပက်သက်ပြီး အမှုရင်ဆိုင်နေရသူ အလုပ်သမား၊ ကျောင်းသား၊ လယ်သမား၊ မီဒီယာနဲ့ တက်ကြွလှုပ်ရှားသူ ၄၀၀ကျော်ကျန်နေသေးတယ်။" ဟု ၄င်းကဆိုသည်။

ယနေ့လွှတ်ပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသား ၃၉ ဦးအပြင် မြန်မာနိုင်ငံအနှံ့အပြားရှိ ထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားပေါင်း အယောက် ၉၀ အထိ ကျန်ရှိနေသေးသည်။

ဦးသိန်းစိန်အစိုးရ ခွင့်ပြုခဲ့သည့် ယခုလွတ်ငြိမ်းချမ်းသာခွင့်တွင် မန္တလေးထောင်မှ လွတ်မြောက်သည့် ကျောင်းသားတစ်ဦးသာ ပါရှိသည်ဟုလည်း AAPP မှ သိရသည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...