ရခိုင်မြောက်ဦးဒေသ အမွေအနှစ်များ ထိန်းသိမ်းရန် ကျပ်သိန်း ၅၃၀၀ ကျော်ခွင့်ပြုထား

ရခိုင်မြောက်ဦးဒေသ အမွေအနှစ်များ ထိန်းသိမ်းရန် ကျပ်သိန်း ၅၃၀၀ ကျော်ခွင့်ပြုထား
by -
မဇ္စျိမ
ရခိုင်ပြည်နယ် မြောက်ဦးဒေသ ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေမှ ခွင့်ပြုထားသည့် ကျပ်သိန်း ၅၃၀၀ ကျော်ကို အသုံးပြုသွားမည်ဟု သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုသည့် ယင်းငွေများဖြင့် ပြုပြင်ထိန်းသိမ်းရေးအတွက် လုပ်ငန်း ၈ ခု ဆောင်ရွက်မည်ဟု မြဝတီနေ့စဉ်သတင်းက ဖော်ပြသည်။

သုတေသနပြတိုက်ပြောင်းရွှေ့ခြင်း၊ တည်ဆောက်ပြသခြင်း၊ နန်းတော်ကုန်းရှိ မဟာပညာကျော်လမ်း လွှဲဖောက်ခြင်း၊ နန်းသားကန် တူးဖော်ထိန်းသိမ်းခြင်း၊ ဘားဘူတောင်စေတီများ၊ မြေထိန်း နံရံပြုပြင်ခြင်း၊ ကြောင်လည်ဒုံခံတပ်ပြုပြင်ခြင်း၊ မင်္ဂလာမာန်အောင် ကျောက်စီတံတိုင်းထိန်းသိမ်းခြင်း၊ ရှေးဟောင်းစေတီငါးဆူ ထိန်းသိမ်းခြင်း စသည်တို့ဖြစ်သည်။

မြောက်ဦးဒေသ ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရေးအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ ကျပ်သိန်း ၆၃၀၀ ရရှိခဲ့သည် ဟုလည်း ဆိုသည်။

ရှေးဟောင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် ရှေးမူမပျက်ထိန်းသိမ်းရန်လိုအပ်သည် ဟု စိုးရိမ်မှုများလည်းရှိနေကြသည်။

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...