လွိုင်ကော်မြို့တွင် ကယားပြည်နယ်ငြိမ်းချမ်းရေး ဖိုရမ်ကျင်းပ

လွိုင်ကော်မြို့တွင် ကယားပြည်နယ်ငြိမ်းချမ်းရေး ဖိုရမ်ကျင်းပ
by -
မဇ္စျိမ
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်ရှိ ရှေးဦးကလေး သူငယ်ဘက်စုံ ပြုစုပျိုးထောင်ရေးဂေဟာတွင် ကယားပြည်နယ် ငြိမ်းချမ်းရေးဖိုရမ်ကို ဇန်နဝါရီလ ၂၁ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်က စတင်ကျင်းပလျက်ရှိကြောင်းသိရသည်။

ကယားပြည်နယ်ငြိမ််းချမ်းရေးဖိုရမ်ကို အလင်းသစ် လူမှုဖွံ့ဖြိုးးရေးအဖွဲ့၊ ကယားပြည်နယ် လူငယ်များကွန်ယက်၊ ကယန်းဒေသလူမှု ဖွံ့ဖြိုးရေးအဖွဲ့၊ အမျိုးသမီးများ ဘဝလုံခြံုရေးဂေဟာ၊ ကယားဖူးနှစ်ခြင်း လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုရေးအသင်းနှင့် ကန္တရဝတီလူငယ်များ အဖွဲ့တို့မှ ဦးဆောင်ကာ ဇန်နဝါရီ ၂၃ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဟု အလင်းသစ် လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ကယားပြည်နယ်ငြိမ််းချမ်းရေး ဖိုရမ်ဖြစ်မြောက်ရေးကော်မတီ ၊ပြောရေးဆိုခွင့်ရှိသူ ကိုဒီးဒီက မဇ္ဈိမ ကိုပြောသည်။
 
ကယားပြည်နယ်ငြိမ်းချမ်းရေးဖိုရမ်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဖိုရမ်သို့တက်ရောက်လာသော ပုဂ္ဂိုလ်များ၏ မတူညီသောကိုးကွယ်ယုံကြည်မှု၊နိုင်ငံရေးနောက်ခံသမိုင်းများကို လေးစားခြင်းအားဖြင့် ကယားပြည်နယ်၏ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်တွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး ဘုံသဘောတူညီမှု တစ်ခုရရှိစေရန်၊ ဖိုရမ်သို့ တက်ရောက်လာသော ပုဂ္ဂိုလ်များကြား အနာဂတ်တွင် ကယားပြည်နယ်၏ ပိုမိုကောင်းမွန်သော ဒေသခံအုပ်ချုပ်မှုစနစ် တစ်ခုဖြစ်ပေါ်လာရေးအတွက် ဆွေးနွေးရန်၊ ကယားပြည်နယ်အတွင်းရှိ ပြည်သူများ၏  ဘဝလုံခြံုရေးနှင့် ငြိမ်းချမ်းရေးကို အာမခံပေးနိုင်သော အရာများကို ဆွေးနွေးကြရန်၊ဖိုရမ်သို့တက်ရောက်လာသော ပုဂ္ဂိုလ်များကြား လယ်ယာမြေပြဿများ၊ သဘာဝအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပြဿနာများ ကိုဆွေးနွေးနိုင်ရန်တို့အတွက် ဖြစ်သည်ဟု ကိုဒီးဒီက ဆိုသည်။

ကရင်နီပြည်လူငယ်များ သမဂ္ဂဗဟိုကော်မတီဝင် ကိုကျော်ထင်အောင် က "ကျွန်တော်တို့ပြည်နယ်အတွင်းမှာရှိတဲ့ ကြံုတွေ့နေရတဲ့ လူမှုဒုက္ခတွေ၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာတွေ ဆွေးနွေးနေပါတယ်။ ဒါတွေဆွေနွေးပြီးမှ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာ သိရမှာပါ။ အခုတော့ ဆွေးနွေးနေကြဆဲပါ။"ဟု ပြောသည်။

ဆွေးနွေးရာတွင် ကယားပြည်နယ် ပတ်ဝန်းကျင်ကျေးရွာ ရ၁ ရွာတွင် ကြံုတွေ့နေရသော လူမှုဒုက္ခများကို ခြံုငုံဆွေးနွေးမှာဖြစ်ပြီး ဆွေးနွေးမှုမှ ရရှိလာသောရလဒ်များကို ဒေသခံများနှင့် အရပ်ဘက် အဖွဲ့အစည်းများက ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဖိုရမ်သို့ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ၊ စိတ်ဝင်စားသူငယ်များ စသည်ဖြင့် အင်အား ၁၅၀ဦး တက်ရောက်ဆွေးနွေး လျက်ရှိသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...