နေရပ်ပြန်ရန် ခက်ခဲနေသည့် ရခိုင်စစ်ဘေးရှောင်များအတွက် ကျေးရွာအမည်ပေါက်ချပေးနိုင်ရန် ပြည်နယ်အစိုးရ စီစဉ်နေ

နေရပ်ပြန်ရန် ခက်ခဲနေသည့် ရခိုင်စစ်ဘေးရှောင်များအတွက် ကျေးရွာအမည်ပေါက်ချပေးနိုင်ရန် ပြည်နယ်အစိုးရ စီစဉ်နေ
by -
မဇ္စျိမ
ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည် စခန်းတစ်ခု။ (ဓာတ်ပုံ-အီးပီအေ)
ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည် စခန်းတစ်ခု။ (ဓာတ်ပုံ-အီးပီအေ)
ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများထဲမှ ဒေသလုံခြံုမှုမရှိ၍ နေရပ်သို့ပြန်ရန် အခက်ခဲအခဲ ရှိသူများကို ကျေးရွာအမည်ပေါက်ချပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ရခိုင်ပြည်နယ် ကျော်တော်မြို့နယ်အတွင်းရှိ ရမ်းချောင်းတောင်တန်းတဝိုက်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့အကြား ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၂၇ရက်မှ စတင်ကာ တကျော့ပြန် တိုက်ပွဲများ ပြန်လည် ပြင်းထန်လာခဲ့သည်။ ယင်းထိုက်ပွဲများကြောင့် ဒေသခံရာနှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

"အခု ကျွန်တော်တို့ သိထားတာက လူဦးရေ ၁၅၉ ဦး၊ အိမ်ထောင်စု ၅၉ အုပ်စုလို့ သိထားတယ်။ အဲဒီလူတွေက တစ်ချို့လည်း ပြန်ချင်ပြန်ကြမှာပေါ့။ တကယ်လို့ အခက်အခဲရှိလို့ ရွာတွေမှာ နေဖို့ထိုင်ဖို့ ရွာတွေက မလုံခြံုဘူးဆိုရင် ကျွန်တော်တို့ သင့်သလို ရွာချပေးဖို့အမည်ပေါက်အောင်လုပ်ဖို့ ကျွန်တော်တို့ စဉ်းစားထားပါတယ်။ အခု ပြန်ပြီးတော့ စာရင်းကောက်ခိုင်းထားတယ်နော်"ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် အဆိုပါ စစ်ဘေးသင့် ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ပြည်နယ် ဘဏ္ဍာရေးဝန်ကြီးဦးဆောင်၍ စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်နေပြီး တပ်မတော်နှင့်လည်း ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်နေကြာင်း ၎င်းကဆိုသည်။

ယခု ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်များမှာ တိုက်ပွဲဧရိယာအတွင်းမှ သစ်ခုတ်၊ ဝါးခုတ်ခြင်းအလုပ် လုပ်ကိုင်ကြသည့် ဒေသခံများအများစု ပါဝင်ကြောင်းလည်း သိရသည်။

မြန်မာ့ တပ်မတော်အနေဖြင့် ရက္ခိုင့်တပ်မတော်(AA)အဖွဲ့ကို အမြစ်ပြတ်ခြေမှုန်းပစ်မည်ဟု ယခုလ လဆန်းပိုင်းက တပ်မတော်ပိုင် မြဝတီသတင်းစာတွင် ဖော်ပြခဲ့ပြီး တပ်မတော်မှ တပ်အင်အားတိုးချဲ့မှုများပြုလုပ်ခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ရက္ခိုင့်တပ်မတော်(AA)အဖွဲ့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)အဖွဲ့ဝင်လည်း ဖြစ်သည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...