လွှတ်တော်အသစ်တွင် တာဝန်ယူမည့် အမတ်များ ပိုကောင်းသည့် လွှတ်တော်ဖြစ်အောင်ကြိုးစားသွားရမည်ဟု သူရဦးရွှေမန်းပြော

လွှတ်တော်အသစ်တွင် တာဝန်ယူမည့် အမတ်များ ပိုကောင်းသည့် လွှတ်တော်ဖြစ်အောင်ကြိုးစားသွားရမည်ဟု သူရဦးရွှေမန်းပြော
by -
မဇ္ဈိမ
ဒုတိယအကြိမ်လွှတ်တော်တွင် တာဝန်ယူမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ယခုထက်ပိုကောင်းသည့် လွှတ်တော်ဖြစ်အောင် ကြိုးစားသွားရမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၄ ရက်နေ့၊ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က လွှတ်တော်ဝန်းအတွင်းရှိ ဇဗ္ဗူသီရိဆောင်တွင် ပြုလုပ်ခဲ့သည့် လွှတ်တော်သစ် ခေါ်ယူရေးအတွက် ဗဟိုကော်မတီနှင့်လုပ်ငန်းကော် မတီများ၏ ဒုတိယအကြိမ် အစည်းအဝေးတွင် သူရဦးရွှေမန်းက ပြောသည်။

ဆက်လက်တာဝန်ယူကြမည့် လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့ ဆောင်ရွက်ချက်များအပေါ် သင်ခန်းစာရယူပြီး ယခုထက်ပိုမိုကောင်းမွန်သည့်၊ အရည်အချင်းပြည့်စုံသည့် လွှတ်တော်များဖြစ်အောင် ကြိုးစားလုပ်ဆောင် သွားရမည် ဖြစ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီနှင့် စျေးကွက်စီးပွားရေးစနစ်သည် စာအုပ်ထဲ၌သာထားရှိပြီး ရုပ်ပြ၊ ဟန်ပြ လုပ်ဆောင်ရမည့်ကိစ္စ တစ်ခုမဟုတ်ပါကြောင်း ၎င်းကဆိုသည်။

နိုင်ငံက လိုလားတောင်းတနေသည့် ပါတီစုံဒီမိုကရေစီနှင့် စျေးကွက်စီးပွားရေးစနစ် တည်ဆောက်ရာတွင် လွှတ်တော်အပိုင်းက ပါ၀င်ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ လွှတ်တော်တွင် လူတော်၊ လူကောင်းများ ပါ၀င်လာရေးနှင့် နိုင်ငံကိုအုပ်ချုပ်ရာတွင် လူတော်၊ လူကောင်းများ ပါ၀င်လာရေးအတွက် နောင်အစဉ်အဆက် ပြည်သူများက ရွေးချယ်သွားကြရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် မိမိတို့ကိုယ်စီ တာဝန်ကျေ မကျေ သုံးသပ်ရန် လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

လွှတ်တော်ခေါ်ယူကျင်းပခြင်းနှင့် လုပ်ဆောင်မည့် လုပ်ငန်းအစီအစဉ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် တည်ဆဲဥပဒေ၊ နည်းဥပဒေများအရ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဆက်လက်လုပ်ဆောင်ရမည့် ကိစ္စများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများအတိုင်း ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ၎င်းကပြောသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုလွွှှတ်တော်နာယကနှင့်အတူ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ  ၊ ပြည်ထောင်စု လွွှှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဓာတ်ပုံ- H.E. Thura U Shwe Mann

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...