သမ္မတဟောင်းအတွက် ကိုယ်ရံတော်ခန့်အပ်မှု မူလသတ်မှတ်ချက်အတိုင်းသာထားရန် တပ်မတော်သားကိုယ်စားလှယ် ဆွေးနွေး

သမ္မတဟောင်းအတွက် ကိုယ်ရံတော်ခန့်အပ်မှု မူလသတ်မှတ်ချက်အတိုင်းသာထားရန် တပ်မတော်သားကိုယ်စားလှယ် ဆွေးနွေး
by -
မဇ္ဈိမ
ပြည်သူ့လွှတ်တော် အဆောက်အအုံအတွင်း တပ်မသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဟောင်ဆာ၊ရာမည)
ပြည်သူ့လွှတ်တော် အဆောက်အအုံအတွင်း တပ်မသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဟောင်ဆာ၊ရာမည)
 နိုင်ငံတော်သမ္မတသည် မည်သည့် နိုင်ငံရေးပါတီမှဖြစ်စေ၊ မည်သည့်အဖွဲ့အစည်းမှ ပုဂ္ဂိုလ်ဖြစ်စေ နိုင်ငံတော်၏ အကြီးအကဲတစ်ဦးဖြစ်၍ သမ္မတဟောင်း၏ လုံခြံုရေးတပ်ဖွဲ့နှင့် ကိုယ်ရံတော် ခန့်အပ်ရာတွင် "သက်ဆိုင်ရာဝန်ကြီးဌာနများ မှ ခေါ်ယူခန် ့အပ်နိုင်သည်" ဆိုသည့် စကားရပ်ကို အတည်ပြုပေးရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒုတိယဗိုလ်မှူးကြီး မြင့်ဝင်းက ဆွေးနွေးခဲ့သည်။

ပြည်သူ ့လွှတ်တော်က ပြင်ဆင်ချက်များဖြင့် အတည်ပြုကာ အမျိုသားလွှတ်တော်သို့ ပေးပို့လာသည့် ယင်းဥပဒေကြမ်း နှင့် ပတ်သက်၍ ယနေ့ (ဇန်နဝါရီ ၁၃ရက်)၌ ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်အဝေးတွင် တပ်မတော်သားကိုယ်စား လှယ် နှစ်ဦး နှင့် ရွေးကောက်ခံကိုယ်စားလှယ် နှစ်ဦးက ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“မည်သည့် နိုင်ငံရေးပါတီမှဖြစ်စေ၊ မည်သည့်အဖွဲ ့အစည်းမှ ပုဂ္ဂိုလ်ဖြစ်စေ ကျွန်တော်တိုရဲ့ အကြီးအကဲများသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အထွဋ်အထိပ်နေရာမှာ ရောက်ရှိနေတာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူများကိုလည်း ကျွန်တော်တို့ရဲ့ အကြီးအကဲအဖြစ် အစဉ်လေးစားနေမှာဖြစ်ပါတယ်” ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မြင့်ဝင်းကပြောသည်။

နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြံုရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ ့လွှတ်တော်အစည်းအဝေးတွင် ကိုယ်ရံတော်ခန့်အပ်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနမှသာ ခန့်အပ်ရမည်ဟု အတည်ပြုကာ အမျိုးသားလွှတ်တော်သို့ ပေးပို ့ခဲ့ခြင်းဖြစ် သည်။

ယင်းဥပဒေကြမ်း အပေါ် အမျိုးသားလွှတ်တော်အမတ်လေးဦး၏ ဆွေးနွေးချက်နှင့် ပတ်သက်၍ ဥပဒေကြမ်းကော်မတီတွင် ဆွေးနွေး ပွဲပြုလုပ်ရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့ပြီး ယင်းဥပဒေကြမ်းအပေါ် အမျိုးသားလွှတ်တော် နှင့် ပြည်သူ့လွှတ်တော် သဘောထားကွဲလွဲမှုရှိပါက ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆွေးနွေးသွားရမည်ဖြစ်သည်။

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...