တိုင်းရင်းသားလက်နက်ကိုင်များ အစိုးရတပ်ထဲဝင်ဖို့ တပ်ချုပ် လိုလား

တိုင်းရင်းသားလက်နက်ကိုင်များ အစိုးရတပ်ထဲဝင်ဖို့ တပ်ချုပ် လိုလား
by -
မဇ္ဈိမ
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် နှုတ်ခွန်းဆက်စကားပြောနေသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် နှုတ်ခွန်းဆက်စကားပြောနေသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အဖွဲ့အစည်းများအနေဖြင့် ဆန္ဒရှိပါက နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်သို့ဝင်ရောက်ကာ တာဝန်ထမ်းဆောင်ကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော ဆိုလိုက်သည်။

"နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရန် ဆန္ဒရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်များကိုလည်း တပ်မတော်မှာ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ဖိတ်ခေါ်ကြိုဆိုပါကြောင်း ပြောကြားလိုပါတယ်" ဟု နေပြည်တော်ရှိ MICC-2တွင် ဇန်နဝါရီ ၁၂ရက်က ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ဗိုလ်ချုပ်မှူးကြီးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အပစ်ရပ်စာချုပ်တွင် လက်မှတ်မထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပေါ်လည်း သံသယမထားဘဲ ငြိမ်းချမ်းရေးတံခါးဖွင့်ထားသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

"လက်မှတ်ရေးထိုးမှု မရှိသေးတဲ့အဖွဲ့များအပေါ် တပ်မတော်အနေနဲ့ သံသယစိတ်မထားဘဲ မိမိတို့စိတ်ဆန္ဒအတိုင်း အချိန်မရွေး လက်မှတ်ရေးထိုးနိုင်ဖို့ တံခါးဖွင့်ထားသလို နိုင်ငံတော်အစိုးရ၊ ပြည်သူနဲ့ တပ်မတော်တို့ရဲ့ ငြိမ်းချမ်းရေးလိုလားတဲ့၊ ပြင်းပြတဲ့ ဆန္ဒအမှန်ကိုလည်း မြင်တွေ့ကြရမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနက် (၈)ဖွဲ့ကသာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးသဘောတူစာချုပ်(NCA)စာချုပ်တွင် သဘောတူလက်မှတ် ရေးထိုးထားသေးသည်။

တည်ငြိမ်အေးချမ်းရေးသည် တိုင်းပြည်၏ အဓိကလိုအပ်ချက်ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုကဲ့သို့ ထောက်ပြသည်။

"စစ်မှန်တဲ့ဒီမိုကရေစီစနစ်အတွက် ကျွန်တော်တို့နိုင်ငံရဲ့ ပထမဦးဆုံးနဲ့ အရေးကြီးဆုံးလိုအပ်ချက်ကတော့ တည်ငြိမ်အေးချမ်းရေး ပဲ ဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသည်။

တပ်မတော်အနေဖြင့် အနာဂတ်မြန်မာမျိုးဆက်တို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သည်ဟု လည်း ဗိုလ်ချုပ်မှူးကြီးက ပြောဆိုခဲ့သေးသည်။

"ကျွန်တော်တို့အားလုံးရဲ့ ဒီနေ့ တွေ့ဆုံကြိုးပမ်း ဆောင်ရွက်နေမှုတွေဟာ အနာဂတ်နိုင်ငံတော်အတွက်၊ အနာဂတ် ကျွန်တော်တို့ မြန်မာ့ မျိုးဆက်တွေအတွက် ဆိုတာ လေးလေးနက်နက်ခံယူပြီး စိတ်ရင်းစေတနာ မှန်မှန်နဲ့ အောင်မြင် ပြီးမြောက်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြဖို့နဲ့ တပ်မတော်အနေနဲ့လည်း အဖြစ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် အားပေးထောက်ခံ ပူးပေါင်း ဆောင်ရွက်သွားပါမယ်" ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ညီလာခံသို့ အစိုးရမှ ရ၅ဦး၊ လွှတ်တာ်မှ ရ၅ဦး၊ အစိုးရတပ်မတော်မှ ၁၅၀ဦး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ၁၅၀ဦး၊ နိုင်ငံရေးပါတီများမှ ၁၅၀ဦး၊ တိုင်းရင်းသားခေါင်းဆောင်ကိုယ်စားလှယ် ၅၀ဦးနှင့် အခြားဖိတ်ကြားသူ ၅၀ဦး၊ စုစုပေါင်း ရ၀၀ဦးခန့် တက်ရောက်ကြသည်။

လက်ရှိ သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်းသည် လာမည့် မတ်လကုန်တွင် ပြီးဆုံးမည်ဖြစ်ရာ အစိုးရတစ်ရပ်ဖြစ်လာတော့ မည့် ဒေါ်အောင်ဆန်းစုကြည်၏ NLDပါတီ အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်ဖော်ဆောင်ရတော့မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တာဝန်ထမ်းဆောင်ရန် အသင့်ပဲဟု ဆိုသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...