ဝန်ကြီးတွေဆီက သေချာတဲ့ကတိရဖို့ ဘာလုပ်မလဲလို့ အမတ်တွေကို NLD စာမေးပွဲစစ်

ဝန်ကြီးတွေဆီက သေချာတဲ့ကတိရဖို့ ဘာလုပ်မလဲလို့ အမတ်တွေကို NLD စာမေးပွဲစစ်
by -
မဇ္ဈိမ
၂၀၁၅ရွေးကောက်ပွဲအတွက် NLD ရန်ကုန်တွင် မဲဆွယ်စည်းရုံးဟောပြောပွဲသို့ တက်ရောက်ခဲ့သည့် လူထုကိုတွေ့ရစဉ်။ ဓါတ်ပုံ၊ မဇ္စျိမ။
၂၀၁၅ရွေးကောက်ပွဲအတွက် NLD ရန်ကုန်တွင် မဲဆွယ်စည်းရုံးဟောပြောပွဲသို့ တက်ရောက်ခဲ့သည့် လူထုကိုတွေ့ရစဉ်။ ဓါတ်ပုံ၊ မဇ္စျိမ။
လွှတ်တော်တွင်လာရောက်ဖြေဆိုလေ့ရှိသည့် အစိုးရအဖွဲ့ဝင ်ဝန်ကြီးများထံမ ှသေချာသည့် ကတိအဖြေရရှိရေး အမတ်များ မည်သို့လုပ်ဆောင်ရမည်ကို မေးခွန်းအဖြစ် ၄င်း၏ အမတ်များကို စာမေးပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ထည့်သွင်းစစ်ဆေးခဲ့သည်။

၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် NLD အမတ်များကို သင်တန်းပေးအပြီး စာမေးပွဲစစ်ရာတွင် မေးမြန်းခဲ့ သည့် မေးခွန်းအတွင်း ထည့်သွင်းမေးမြန်းခဲ့ခြင်းလည်းဖြစ်သည်။

"လွှတ်တော်အတွင်းမေးခွန်းမေးရင်  ၀န်ကြီးတွေက ယေဘူယျတွေပဲဖြေတယ်၊ အဲဒီလိုဆိုရင် ကိုယ့်မေးခွန်းတွေအတွက် အဖြေရဖို့၊ မှတ်တမ်းတင်နိုင်ဖို့အတွက်၊ အချိန်ကိုက်၊ ပေးထားတဲ့အချိန်အတွင်း တိုတိုနဲ့လိုရင်းကို ထိထိရောက်ရောက် မေးမြန်းနိုင်ပြီး အဖြေရအောင်လုပ်နိုင်ဖို့ ဘာလုပ်မလဲလို့ ပထမမေးခွန်းမှာ ဖြေရတယ်။" ဟု မန္တလေးတိုင်းလွှတ်တော် တောင်သာ အမှတ်(၁) မှအနိုင်ရရှိထားသူ ဦးဝိုင်းချစ်အောင်က မဇ္စျိမကိုပြောသည်။

NLD က ရွေးကောက်ပွဲအနိုင်ရရှိထားသည့် ၄င်းတို့၏ အမတ်များကို လွှတ်တော်အတွင်း မေးခွန်းမေးမြန်းခြင်း၊ အခြေခံဥပဒေပါ ဥပဒေပြုရေး၊ လွှတ်တော်ဆိုင်ရာဖွဲ့စည်းပုံတို့အပြင်၊ ပါတီစည်းမျဉ်းစည်းကမ်းများ၊ ပါတီ၏ ၂၀၁၅ရွေးကောက်ပွဲ ကြေငြာစာတမ်းကို သင်ကြားပေးပြီး စားမေးပွဲစစ်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၅နှစ်နီးပါးအတွင်း ပြည်သူ့လွှတ်တော်သို့ ၀န်ကြီးများလာရောက်ဖြေကြားမှုအပေါ် ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က "သူတို့(၀န်ကြီး)တွေလာဖြေတာ ယေဘူယျကြီးပဲ၊ ဖြစ်တာရှိသလို၊ မဖြစ်တာလည်း ရှိတယ်။ မဖြစ်တာကအများဆုံးပဲ၊ တကယ့်အကောင်အထည်ဖော်တဲ့ အခါမှာလည်း အပေါ်က ယေဘူယျဖြေထားတော့ အောက်ခြေကလည်း ဦးတည်ပြီးလုပ်တဲ့နေရာမှာက ပြောစရာတွေဖြစ်တယ်။ တာဝန်ခံမှုကလုံးဝမရှိဘူး။" ဟုဆိုသည်။

၂၀၁၆ခုနှစ် လွှတ်တော်အသစ်အတွက် တာဝန်ထမ်းဆောင်မည့် အမတ်များအနေနှင့်လည်း ၄င်းတို့အနေဖြင့် ရရှိသည့်ဂတိစကားများ ကို ဥပဒေနှင့်အညီ အမှန်တကယ် လုပ်ဆောင်ပေးခြင်း ရှိမရှိကို သေချာလေ့လာစောင့်ကြည့် ဆောင်ရွက်ပေးနိုင်ရန် မျှော်လင့် သည်ဟုလည်း ၄င်းကပြောသည်။

NLDက အမတ်များကို မေးခွန်းနှစ်ပိုင်းထုတ်ကာ စစ်ဆေးခြင်းဖြစ်သည်။ ပထမပိုင်းတွင် လွှတ်တော်ရေးရာနှင့် လွှတ်တော်အတွင်းမေးခွန်းမေးမြန်းမှုအတွက် မေးခွန်း၂ခုနှင့်၊ ဒုတိယပိုင်းကို ပါတီရွေးကောက်ပွဲကြေငြာစာတမ်းနှင့် ပါတီစည်းမျဉ်းများအတွက် မေးခွန်း ၂ခုအတွက် တစ်ပိုင်းလျှင် နာရီဝက်ခွင့်ပြုကာ စာအုပ်ကြည့်ဖြေသည့် စနစ်ဖြင့် ဖြေဆိုခိုင်းခဲ့ခြင်း လည်းဖြစ်သည်။

 "ပါတီရဲ့စည်းမျဉ်းတွေ၊ ပါတီသမိုင်းနဲ့၊ လွှတ်တော်ရေးရာကိစ္စကို ကိုယ်သဘော့ထားအမြင်နဲ့ ဆွေးနွေးဖြေဆိုခိုင်းတာ၊ မေးခွန်းမေး မယ့်ပုံစံ ကို ထိထိမိမိတိုတိုမေးဖို့ကိုလည်း မေးတဲ့အပြင် အရင်အမတ်တွေကနေလည်း ဖလှယ်ပြောပေးတာတွေရှိတယ်၊ မဏ္ဍိုင် ၃ရပ်ထိန်းညှိရေးနဲ့ ဘာကြောင့်လိုတာလဲ စသဖြင့်ပေါ့။" ဟု နေပြည်တော်တွင်ပို့ချသည့် သင်တန်းတွင် တက်ရောက်စားမေးပွဲ ဖြေ ဆိုပြီးခဲ့သည့် ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရထားသူ ဦးသန့်ဇင်ထွန်းက ပြောသည်။

 NLD က ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၆ရက်မှ ၂၀၁၆ခုနှစ် ဇန်နဝါရီ ၁၆ရက်အထိ မန္တလေး၊ ရှမ်း၊ ကချင်၊ စစ်ကိုင်၊ ချင်း၊ ကယားမှ အမတ်များကို သင်တန်းအပတ်စဉ်(၁) နှင့် (၂)အဖြစ် နေပြည်တော် ရွှေစံအိမ်ဟိုတယ်၊ မကွေး၊ ရခိုင်၊ ပဲခူး(အနောက်)မှ အမတ်များကို အပတ်စဉ်(၃) အဖြစ် ပြည်မြို့ နှင့် ရန်ကုန်၊ မွန်၊ ပဲခူး(အရှေ့)၊ ဧရာဝတီ၊ တနင်္သာရီနှင့် ကရင်တို့ကို အပတ်စဉ်(၄) နှင့် (၅)အဖြစ် ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင်လည်းကောင်း အဖွဲ့လိုက်ခွဲကာ သင်တန်းပို့ချမည်ဖြစ်ပြီး လက်ရှိတွင် သင်တန်းအမှတ်စဉ် ၄ အဖြစ် ရန်ကုန်တွင် ပြုလုပ်နေပြီ ဖြစ်သည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...