ကျောက်စိမ်း ကီလို ၁၉သန်းကျော်နှင့် ရွှေတရိုင်အောင်စ ရှစ်သောင်းကျော်ထုတ်လုပ်ရန်ရည်မှန်း

ကျောက်စိမ်း ကီလို ၁၉သန်းကျော်နှင့် ရွှေတရိုင်အောင်စ ရှစ်သောင်းကျော်ထုတ်လုပ်ရန်ရည်မှန်း
by -
မဇ္ဈိမ
ဖားကန့်ဒေသရှိ အစိုးရပိုင်ကျောက်စိမ်းလုပ်ကွက်အားတွေ့ရစဉ်။ (ဓာတ်ပုံ - Kachin Land)
ဖားကန့်ဒေသရှိ အစိုးရပိုင်ကျောက်စိမ်းလုပ်ကွက်အားတွေ့ရစဉ်။ (ဓာတ်ပုံ - Kachin Land)
လာမည့်ဘဏ္ဍာနှစ်အတွင်း သတ္တုနှင့်တွင်းထွက်ပစ္စည်းကဏ္ဍမှ ကျောက်စိမ်းကီလို ၁၉.၆ သန်း ထုတ် လုပ်ရန်နှင့် ရွှေတရိုင်အောင်စ ၈၇၆၅၀ ထုတ်လုပ်ရန်ရည်းမှန်းထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွ့ံဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောာင် စုဝန်ကြီးဒေါက်တာကံဇော်က ပြောသည်။

ကြေးနီသတ္တုသန့်စင် မက်ထရစ်တန် ၅၉၃၅၀ ထုတ်လုပ်ရန်နှင့် သံမဏိတုံး မက်ထရစ်တန် ၁၁၄၆၂၆ ထုတ်လုပ်ရန်လည်း ရည်မှန်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ဒီဇင်ဘာ ၂၂ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းဝေး၌ ပြောကြားသည်။

၂၀၁၆-၂၀၁၇ခု ဘဏ္ဍာနှစ်အတွင်း သတ္တုနှင့်တွင်းထွက်ပစ္စည်းကဏ္ဍ၏ ထုတ်လုပ်မှုတန်ဖိုးကျပ် ၉၄၄.၇ ဘီလီယံရရှိရန်ရည်မှန်း ထားကြောင်း ဝန်ကြီး ဒေါက်တာ ကံဇော်က ပြောသည်။

ပြည်ပပို့ကုန်အနေဖြင့် သတ္တုတွင်းထွက်ပစ္စည်းများနှင့် ကျောက်မျက်ရတနာ ကျပ်၂၁၁၃.၈ ဘီလီယံတန်ဖိုး တင်ပို့ရန် ရည်းမှန်းထားကြောင်းနှင့် ရေနံထွက်ပစ္စည်းများ ကျပ် ၅၈၈၀.၂ ဘီလီယံ တင်ပို့ရန်ရည်မှန်းထားကြောင်းလည်း ဒီဇင်ဘာ ၂၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော်အစည်းဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားသည်။

လက်ရှိအခြေအနေအပေါ်တွင်မူတည်၍  တွက်ချက်မှုများအရ ငွေကြေးဖောင်းပွမှုနှုန်းမှာ Tow digit ဖြစ်ပေါ်ရန် PRESSURE  ရှိကြောင်းကို စိစစ်တွေရရှိရခြင်းကြောင့် လာမည့်နှစ်တွင် ဘဏ္ဍာရေးမူဝါဒ၊ ကုန်သွယ်မှုမူဝါဒ၊ ၀င်ငွေမူဝါဒများဖြင့် ထိန်းကျောင်းပြီး မြန်မာကျပ်ငွေကြေးဖောင်းပွမှုနှုန်းကို ငါးရာခိုင်နှုန်းအောက်သို့ ရောက်ရှိစေရန် စီမံဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ထည့်သွင်းပြောကြားသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...