ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ တောင်ပေါ်စခန်းများမှ ဒုုက္ခသည်များအား ခရစ်မတ်နှင့် နှစ်သစ်ကူးနေ့ များတွင် ပျော်ပျော်ရွှင်ရွင် စုုပေါင်း၍ စားသောက်နုုိင်ရန်အတွက် ဒုုက္ခသည်တစ်ဦးလျှင် ကျပ် ၁၀၀၀ နှုန်း ကူညီထောက်ပံ့ရန် လုုပ်ဆောင်ဖြစ်သော်လည်း လိုအပ်နေသေးသည်ဟုု ၎င်းက မဇ္စျိသို့ ပြောသည်။
မြန်မာနုုိင်ငံတဝန်းလုံုးနှင့် တကမ္ဘာလုံုးမှလူများ စစ်ပြေးဒုုက္ခသည်များအား မေ့မထားဘဲ သတိရခြင်း၊ စုုိးရိမ်ပူပန်ပေးနေပြီး ချစ်ခြင်းမေတ္တာပြသည့် စိတ်ခံစားမှုများ ရရှိရန်နှင့် ခရစ်စမတ်အချိန်မှာ ပျော်ရွှင်စေရန် ရည်ရွယ်၍ စီစဉ်ခဲ့ခြင်းဖြစ်သည်ဟုု ဆိုသည်။
“ကျမတိုု့က ခရစ်မတ်နေ့မှာ သူတိုု့တွေ အခမ်းအနားလုုပ်တာဘဲ ဖြစ်ဖြစ်၊ အားကစားပွဲလုုပ်တာဘဲ ဖြစ်ဖြစ်။ အတူတကွ တစ်နပ်ဝုုိင်းပြီး ချက်စားကြပါစေဆုုိတဲ့ စေတနာနဲ့ပါ။ ဘာလုုိ့လဲဆုုိတော့ တချို့ စခန်းတွေမှာဆုုိရင် သွားကြည့်တာ အသားကုုိ ၆ လမှာတောင် တစ်ခါမှ မစားရတဲ့ မိသားစုုတွေ ရှိတယ်။ အနည်းဆုံုး တစ်ယောက်ချင်း ၁၀၀၀ နှုှုန်း မပေးနုုိင်ဘူး။ ဒါပေမဲ့ စုုပြီးဆုုိရင်တော့ သူတိုု့ စားလုုိ့ရသွားပြီ။”ဟုု ဒေါ်ခေါန်ဂျာက ပြောသည်။
တချို့ တောင်ပေါ်စခန်းများမှ စစ်ပြေး ဒုုက္ခသည် ၂၀,၀၀၀ အတွက် ထောက်ပံ့ငွေများ ပေးပုုိ့ပြီးခဲ့ပြီး ဖြစ်သော်လည်း အလန်းဘွမ်၊ ဂျေယန်းခ၊ စျေး ၃၊ ရှိန်ကြိုင်၊ ဝုုိင်းကြိုင်၊ လနားဇွပ်ဂျာ၊ လနားဇွပ်ဂျာ (နယ်စပ်) နှင့် အင်ခေါင်းပန် စသည့် ဒုုက္ခသည်စခန်းမှ လူဦးရေပေါင်း ၂,၂၃၇၈ ဦးအတွက် လှူဒါန်းရန် ကျပ်သိန်း ၂၀၀ လုုိအပ်နေသဖြင့် အလှူငွေ ဆက်လက် ကောက် ခံနေသည်ဟုု သိရသည်။
“လောလောဆယ် မြောက်ပုုိင်းရှမ်းပြည်နယ်ရယ်၊ ကေအုုိင်အုုိထိန်းချုပ်နယ်မြေက ဒုုက္ခသည်တွေ စာရင်းကုုိ ဦးစားပေးပြီး တော့မှ တယောက်ကုုိ ၁၀၀၀ နှုန်းနဲ့ ပျမ်းမျှပေးထားတဲ့လူဦးရေစာရင်းအတုုိင်း ဝေတာပါ။ လူဦးရေ ၂၀၀၀၀ ကျော်ကုုိ ပုုိ့ပြီးပြီ။ ၂၀၀၀၀ ကျော်က မရသေးဘူးဖြစ်လုုိ့။ ခရစ်မတ် မမီရင်တောင် နှစ်သစ်ကူးက မှီလောက်တယ်ပေါ့။”ဟုု သူက မဇ္စျိမသို့ ပြောသည်။
အကူအညီပေးသည့်အဖွဲ့အစည်းများထံမှ ဟင်းဖုုိးအဖြစ် တစ်ဦးလျှင် ကျပ် ၁၀၀၀ နှုန်းနှင့် ယခင်က ရရှိခဲ့သော်လည်း ပြီးခဲ့သည့် အောက်တုုိဘာလမှစ၍ မရရှိတော့သဖြင့် ဟင်းဖုုိးငွေလည်း လုုိအပ်နေသည်ဟုု ကချင်ဒုုက္ခသည်များကူညီရေး ကော်မတီ ဥက္ကဌ ဒုုဗုုိလ်မှူးကြီး ဟိန်ဝေါမ်က ပြောသည်။
ထို့အပြင် ဒုုက္ခသည် ၂၀၀၀ ခန့် ခုုိလှုံနေသည့် တရုုတ်-မြန်မာနယ်စပ်နယ်ခြား မှတ်တုုိင် ၆ ဘက်ရှိ ဒုုက္ခသည်များအတွက် ရာသီဥတုု အေးလွန်းသဖြင့် အနွေးထည်များလည်း လုုိအပ်နေသည်ဟုု မဇ္စျိမသို့ ပြောသည်။
“မှတ်တုုိင် ၆ ဘက်မှာ အေးလွန်းလိုု့ အချိန်ပြည့် မီးမွေးပြီး နေနေရတယ်။ လမ်းခရီးကလည်း ခက်ခဲတော့ အကူအညီတွေ လည်း သိပ်မရောက်ဘူး။”ဟုု သူက ပြောသည်။
KIO ထိန်းချုပ်ရာရှိ ဒုုက္ခသည်များအတွက်မူ ယခုုလကုန်အထိ ရိက္ခာများ လုံုလောက်သော်လည်း လာမည့် ၂၀၁၆ နှစ် အတွက်မူ ယခုထိ အကူအညီများ မရသေးသဖြင့် ရိက္ခာများ မရရှိသေးမီ ထောက်ပံ့ထားရမည်ဟု ဆိုသည်။
၂၀၁၁ ခုုနှစ်၌ အစုုိးရနှင့် KIO တုုိ့ တုုိက်ပွဲပြန်ဖြစ်ပွားခဲ့သဖြင့် စစ်ပြေးဒုုက္ခသည်ပေါင်း ၁ သိန်းကျော် ရှိလာပြီး၊ ထုုိအထဲမှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပုုိင်းမှ ဒုုက္ခသည် လူဦးရေ ၄၀၀၀၀ ကျော်သည် KIO နယ်မြေအတွင်း ရှိနေသည်ဟု သိရသည်။







