ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ကြားမှုအပေါ် ၀' အဖွဲ့အတွင်း မဆွေးနွေးရသေး

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ကြားမှုအပေါ် ၀' အဖွဲ့အတွင်း မဆွေးနွေးရသေး
by -
မဇ္ဈိမ
ပြည်ထောင်စုု ငြိမ်းချမ်းရေးလုုပ်ငန်းဖော်ဆောင်ရေးကော်မတီ ဒုုဥက္ကဌ ဦးသိန်းဇော်က 'ဝ' ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)ကုုိ တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးတွင် ပူးပေါင်းပါဝင်ရန်နှင့် ပြည်ထောင်စုု ငြိမ်းချမ်းရေး ဆွေးနွေးပွဲသုုိ့ တက်ရောက်ရန် လာရောက်ဖိတ်ကြားခဲ့သည်ဟုု UWSA က ပြောသည်။

အစုုိးရ၏ ဖိတ်ကြားမှုနှင့် ပတ်သက်၍ UWSA အတွင်း ယနေ့ထိ ဆွေးနွေးနုုိင်ခြင်း မရှိသေးကြောင်း ဝ' အဖွဲ့မှ ပြောရေးဆုုိခွင့်ရှိ သူ ကျောက်ကောအန်းက ပြောသည်။

“သူက (ဦးသိန်းဇော်) က နောက်လ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတက်ဖုုိ့ လာဖိတ်တာ။ တက်မယ်၊ မတက်ဘူးဆုုိတာ ကျနော်တုုိ့ထဲမှာ မဆွေးနွေးသေးဘူး။ လက်မှတ်ထုုိးဖုုိ့ သူက ပြောတော့ ပြောတယ်။ ဒါပေမဲ့ ကျနော်တုုိ့ က မထုုိးသေးဘူး။”ဟုု မဇ္စျိမသို့ ပြောသည်။

ဒီဇင်ဘာလ ၁၉ ရက်က ရှမ်းပြည်နယ် ပန်ဆန်းမြို့သို့ ဦးသိန်းဇော်ဦးဆောင်သော အဖွဲ့သည် 'ဝ' အဖွဲ့ကုုိ ပြည်ထာင်စုု ငြိမ်းချမ်းရေး ဆွေးနွေးပွဲသုုိ့ တက်ရောက်ရန် ဖိတ်ကြားကြောင်း ဒီဇင်ဘာ ၂၂ ရက်နေ့ထုတ် အစုုိးရသတင်းစာတွင် ဖော်ပြထားသည်။

“လာမည့် ဇန်နဝါရီလ ၁၂ ရက်တွင် ပြည်ထောင်စုုအဆင့် နုုိင်ငံရေး ဆွေးနွေးပွဲနှင့် ပြည်ထောင်စုု ငြိမ်းချမ်းရေးဆွေးနွေးပွဲကုုိ ကျင်းပရန် ရှိပါကြောင်း၊ ပြည်ထောင်စုု၏ ငြိမ်းချမ်းရေး ခရီးလမ်းတွင် အစဉ်အလာ ရှိသည့် 'ဝ' တုုိင်းရင်းသား ခေါင်းဆောင်များအား ပါဝင်ပူးပေါင်းဆောင်ရွက်ကြရန် ဖိတ်ကြားပါကြောင်း” ဦးသိန်းဇော်က ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ပြည်ထောင်စုု ငြိမ်းချမ်ေးရးဆွေးနွေးပွဲနှင့် တစ်နုုိင်ငံလုံုး ပစ်ခတ်တုုိက်ခုုိ်က်မှု ရပ်စဲရေးတွင် အချိန်မရွေး ပါဝင်လာနုုိင်ရန် 'ဝ' အဖွဲ့အတွက် တံခါးဖွင့်ထားကြောင်းနှင့် ငြိမ်းချမ်းရေးခရီးလမ်းကုုိ ခုုိင်ခုုိင်မာမာဖြင့် တုုိက်ခုုိက်မှုများ ရပ်စဲပြီး ညှိနှိုင်းဆွေးနွေးသည့် နုုိင်ငံရေးတွေ့ဆုံု ဆွေးနွေးပွဲများကုုိ လုုပ်ဆောင်ရန် လုုိအပ်သည်ဟုလည်း ပြောဆိုကြောင်း သိရသည်။

ထာဝရ ငြိမ်းချမ်းရေးမရရှိသေးမီ ကြားကာလတွင် လက်နက်ကုုိင် အဖွဲ့အချင်းချင်းကြား ပူးတွဲ နေထုုိင်ရေး လုုပ်ငန်းစဉ်များ ချမှတ်ရန်၊ နယ်မြေဒေသအလုုိက် ဆောင်ရွက်မည့် အမျိုးသားအဆင့်နှင့် တစ်နုုိင်ငံလုံုး အတုုိင်းအတာဖြင့် ဆောင်ရွက်မည့် ပြည်ထောင်စုအဆင့်ဟူ၍ နုုိင်ငံရေးဆွေးနွေးပွဲများကုုိ ဆောင်ရွက်သွားရန် ရှိသည်ဟု သိရသည်။

ဆွေးနွေးပွဲသုုိ့ ဦးသိန်းဇော်၊ ပြည်ထောင်စုုဝန်ကြီး ဦးလှထွန်း၊ ဦးခင်မောင်စုုိး၊ ရှမ်းပြည််နယ်ဝန်ကြီးချုပ် စပ်အောင်မြတ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံုး (ကြည်း) မှ ဒုုတိယ ဗုုိလ်ချုပ်ကြီးရာပြည့်၊ တြဂံဒေသ တုုိင်းစစ်ဌာနချုပ်တုုိင်းမှူး၊ အရှေ့မြောက် တုုိင်းမှူးတုုိ့ပါဝင်ပြီး 'ဝ' အထူးဒေသ (၂ ) မှ ဒုဥက္ကဌ ဦးရှောက်မင်လျံ၊ ဒုုအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူရီတိုု့ တက်ရောက်ခဲ့သည်။

'ဝ' အဖွဲ့မှ ဒုုဥက္ကဌ ဦးရှောက်မင်လျံက သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးဆုုိင်ရာ ဆောင်ရွက်မှုများနှင့် တုုိးတက်မှုများအပေါ် ထောက်ခံကြိုဆုုိပြီး တပ်မတော်နှင့်လည်း ပူးပေါင်းဆောင်ရွက်ရန်နှင့် ယုံုကြည်မှု တုုိးမြှင့်ရန် ဆန္ဒရှိသည်ဟု ပြောသည်။

'ဝ' ဒေသသည် မြန်မာနုုိင်ငံ၏ အရေးကြီးသည့် အစိတ်အပုုိင်း တစ်ခုုဖြစ်ကြောင်း၊ ထုုိ့ကြောင့် 'ဝ' ဒေသအနေဖြင့် ခွဲထွက်သည့် မူမျိုးကုုိ ဆောင်ရွက်မည်မဟုုတ်ဘဲ ငြိမ်းချမ်းရေးလမ်းကုုိ ဆက်လက်လျှောက်လှမ်းသွားမည်ဟု ပြောကြောင်း အစုုိးရ သတင်းစာတွင် ဖော်ပြထားသည်။

'ဝ' အဖွဲ့သည် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများအကြား အင်အားအကြီးဆုံုးအဖွဲ့ဖြစ်ပြီး၊ ပြည်ထောင်စုုအဆင့် အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထုုိးခဲ့သော်လည်း တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA)ကုုိမူ လက်မှတ်ရေးထုုိးခြင်း မရှိသေးပေ။

ပြီးခဲ့သည့် နုုိဝင်ဘာလ ၁ ရက်မှ ၃ ရက်ထိ 'ဝ' ဌာနချုပ် ပန်ဆန်းတွင် NCA လက်မှတ်မရေးထုုိးသေး သည့် အဖွဲ့အစည်းများ နှင့် ထိပ်သီးအစည်းအဝေးကျင်းပပြီး ၂၀၀၈ ဖွဲ့စည်းပုံုအခြေခံ ဥပဒေ ပြင်ဆင်ရန်၊ တက်လာမည့် အစုုိးရသစ်နှင့် တစ်နုုိင်ငံ လုံုးဆုုိင်ရာ နုုိင်ငံရေးဆွေးနွေးပွဲကြီးတစ်ရပ် ပေါ်ပေါက်လာရေး ပူးပေါင်းဆောင်ရွက်ရန်၊ ပင်လုံုကတိကဝတ်ကုုိ အခြေခံသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် တန်းတူရေး၊ ကုုိယ်ပုုိင်ပြဌာန်းခွင့်ကုုိ အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စုကြီးကုုိ မဖြစ်မဖြစ် ဖော်ဆောင်သွားရန် အပါအဝင် အချက် ရ ချက်တောင်းဆုုိခဲ့ကြသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...