သုတေသနများကို စာတမ်းအဖြစ်နဲ့သာ ရောင့်ရဲမနေရန် သစ်တောဒုဝန်ကြီး သတိပေး

သုတေသနများကို စာတမ်းအဖြစ်နဲ့သာ ရောင့်ရဲမနေရန် သစ်တောဒုဝန်ကြီး သတိပေး
by -
မဇ္ဈိမ
သစ်တော ဒုဝန်ကြီး ဒေါက်တာသက်သက်ဇင်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
သစ်တော ဒုဝန်ကြီး ဒေါက်တာသက်သက်ဇင်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
သစ်တောသုတေသနရလဒ်များကို စာတမ်းအဖြစ်သာမထားဘဲ လက်တွေ့နယ်ပယ်တွင် ထိထိရောက်ရောက် အသုံးချရန် လိုအပ်သည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြစ်သူ ဒေါက်တာသက်သက်ဇင်က ၎င်း၏ ဝန်ထမ်းများကို သတိပေး ပြောဆိုလိုက်သည်။

"အချိန်နဲ့ ရန်ပုံငွေကြေးအကုန်အကျခံပြီး ရရှိလာတဲ့ သုတေသနရလဒ်များ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးနိုင်ဖို့ လိုအပ်သလို လက်တွေ့နယ်ပယ်မှာလည်း အကျိုးရှိရှိ ထိရောက်စွာ အသုံးချနိုင်ဖို့ လိုအပ်ပါတယ်"ဟု ဒီဇင်ဘာ ၂၁ရက်နေ့က ဝန်ကြီးဌာနရုံးတွင်ပြုလုပ်သည့် သုတေသန စာတမ်းဖတ်ပွဲတွင် ဒုဝန်ကြီးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ သုတေသနစာတမ်းဖတ်ပွဲတွင် သစ်တောသုတေသီများ၏ သစ်တောပညာရပ်များအလိုက် စာတမ်းစုစုပေါင်း(၃၀)စောင်ကို ဖတ်ကြား တင်သွင်းမည်ဖြစ်သည်။

"မိမိနိုင်ငံအတွင်း စာတမ်းဖတ်ကြားခြင်း၊ ပုံနှိပ်ဖြန့်ဝေခြင်းနဲ့သာ ကျေနပ်ရောင့်ရဲမနေဘဲ တိုးတက်လာတဲ့ ခေတ်နဲ့ အညီ နိုင်ငံတစ်ကာ သစ်တောသုတေသနဂျာနယ်များမှာ မိမိတို့ရဲ့ သုတေသန တွေ့ရှိချက်တွေကို အဆင့်မီမီ ထည့်သွင်းဖော်ပြခွင့်ရရှိရေးအတွက် ရည်မှန်းချက်ထား ကြိုးပမ်းရန်လည်း တိုက်တွန်းပြောကြားလိုပါတယ်"ဟုလည်း ဒုဝန်ကြီးက ပြောသည်။

သုတေသနစာတမ်းဖတ်ပွဲကို ဒီဇင်ဘာ ၂၁ရက်မှစတင်ကာ ၃ရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး ဖွင့်ပွဲသို့ သစ်တောပညာရှင်များ၊ အငြိမ်းစားသစ်တော အရာရှိများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ တက်ရောက်ကြသည်။

May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...