Myanmar Building Codes ကို လာမည့်နှစ်တွင် ပြဌာန်းနိုင်ရန် လွှတ်တော်သို့ တင်သွင်းထား

Myanmar Building Codes ကို လာမည့်နှစ်တွင် ပြဌာန်းနိုင်ရန် လွှတ်တော်သို့ တင်သွင်းထား
by -
မဇ္ဈိမ
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့ ပူးပေါင်း၍ ၂၀၁၂ ကစပြီး အဆောက်အဦးများ တည်ဆောက်ရာတွင် လိုက်နာရမည့် စည်းမျဉ်း၊ ဥပဒေများ (Myanmar Building Codes)ကို လာမည့်နှစ်အတွင်း အတည်ပြုပြဌာန်းနိုင်ရန် လွှတ်တော်သို့ တင်သွင်းထားကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ၏ အတွင်းရေးမှူး ဦးစောထွေးဇော်က မဇ္စျိမသို့ ပြောသည်။

"အခုကတော့ ရေးဆွဲတဲ့အပိုင်း ပြီးသွားပြီ။ ဒီထဲမှာ အပိုင်းတွေ အများကြီးပါတော့ ညှိနှိုင်းတာနဲ့ အမှား ပြင်ဆင်ချက် သေးသေးလေးတွေ ပြင်နေတာရှိတယ်။ နောက်တစ်ပိုင်းကတော့ ရေးဆွဲပြီးသွားတဲ့ မူကြမ်းကို မိခင်ဌာနဖြစ်တဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနကို တင်ပြပြီးသွားပြီ။ ဆောက်လုပ်ရေး ဝန်ကြီး ဌာနကနေ ဒါကို တရားဝင်ပြဌာန်း နိုင်ဖို့ လွှတ်တော်ကို တင်ထားတဲ့အဆင့် ရောက်နေပါပြီ"ဟု ဦးစောထွေးဇော်က ပြောသည်။

ယခင် Myanmar Building Codes ဟူ၍ သီးသန့်မရှိကြောင်း၊ ကမ္ဘာ့နိုင်ငံကြီးများ၏ အသုံးများသော Building Codes များကိုသာ မှီငြမ်းခဲ့ကြရကြောင်း၊ ယခုရေးဆွဲထားသော ဥပဒေများမှာလည်း အသစ်အနေဖြင့် ပြန်လည်ရေးဆွဲခြင်းမဟုတ်ဘဲ လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေရှိစေရန် ပြန်လည်ပြုပြင် ရေးဆွဲထားခြင်းဖြစ်ကြောင်း ပြောသည်။

ယင်း အဆောက်အဦးများ တည်ဆောက်ရာတွင် လိုက်နာရမည့် စည်းမျဉ်း၊ ဥပဒေများ (Myanmar Building Codes) ကို ဘာသာရပ်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပညာရှင်ပေါင်း ၁၀၀ ကျော်ဖြင့် ရေးဆွဲထားပြီး၊ အဆောက်အသီးဆောက်လုပ်ရာ တွင် ဆောက်လုပ်ခွင့်တင်သည့် လမ်းကြောင်းများ၊ အဆောက်အဦးများကို မည့်ကဲ့သို့ စစ်ဆေးသင့်သည့် သတ်မှတ်ချက်များ၊ အဆောက်အဦး ပုံစံ ရေးဆွဲရာတွင် လိုက်နာသင့်သည့် အချက်များ၊ ဆောက်လုပ်ရာတွင် အသုံးပြုမည့် ပစ္စည်းများ၏ အရည်အသွေးသတ်မှတ်ချက်များနှင့် သဘာဝဘေးအန္တရာယ် ခံနိုင်စေရန် ခံနိုင်ရည်တွက်ချက် ဆောက်လုပ်သင့်သည့် သတ်မှတ်ချက်များ ပါ၀င်မည် ဖြစ်သည်။

May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...