ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တွင် အသက်ကန့်သတ်ထားမှုကို ပယ်ဖျက်ပေးရန်တိုက်တွန်း

ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တွင် အသက်ကန့်သတ်ထားမှုကို ပယ်ဖျက်ပေးရန်တိုက်တွန်း
by -
မဇ္ဈိမ
ဥပဒေပြုရေးနှင့်အုပ်ချုပ်ရေး မဏ္ဍိုင်တွင် ဝင်ရောက်ဦးဆောင်မည့် လူငယ်များအတွက် အဟန့်အတား ဖြစ်စေသော အသက်ကန့်သတ်ချက်ဥပဒေများကို လာမည့် လွှတ်တော်အသစ်တွင် ပယ်ဖျက်ပေးရန် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သည့် အမျိုးသားလူငယ်ကွန်ဂရက်အဖွဲ့က တိုက်တွန်းပြောဆို လိုက်သည်။

''ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုဝန်ကြီး၊ သမ္မတတို့အသက်တွေကန့်သတ် ထားတယ်။ အရေးကြီးတဲ့ရာထူးဆိုရင် အသက်ကြီးမှ ရမယ့် သဘောဖြစ်နေတယ်။ သိပ္ပံနဲ့နည်းပညာ ၀န်ကြီးလိုနေရာတွေဆို လူငယ်တွေမရတော့ဘူး။ Yahoo တို့ Facebook တို့ရဲ့ စီအီးအိုတွေဆိုလူငယ် တွေ၊ နိုင်ငံတကာမှာ အမတ်တွေ၊ ၀န်ကြီးတွေ ဆိုလူငယ်တွေဘဲ။"ဟု အမျိုးသားလူငယ်ကွန်ရက် အဖွဲ့မှဒါရိုက်တာ ကိုမိုဃ်းသွေးက ပြောကြားသည်။

ဥပဒေအရ လူငယ်များပါဝင်မှုကို ကန့်သတ်ထားသည့် ဥပဒေများကို အခြားလူငယ်အဖွဲ့များနှင့် ပူးပေါင်းကာ ပြုပြင်တိုက်ဖျက် မည်ဖြစ်ကြောင်း ကိုမိုဃ်းသွေးက မဇ္စျိမသို့ ပြောသည်။

ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်နည်းဥပဒေတွင် အသက် ၂၅ နှစ် ပြည့်ပြီးသူတိုင်း ကိုယ်စားလှယ်လောင်းအဖြစ်ရွေးချယ်ခံခွင့်ရှိသည်ဟုဆိုပြီး အမျိုးသားလွှတ်တော် ပုဒ်မ ၁၅၂ အခန်း(က)တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ အသက် (၃၀) ပြည့်ပြီးသူများသာ ရွေးချယ်ပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ပုဒ်မ ၅၉(ဂ) အရ နိုင်ငံတော်သမ္မတရွေးချယ်တင်မြောက်ခံရသူ သည် အသက် ၄၅ နှစ်ပြည့်ပြီးသူဖြစ်ရမည်၊ ဥပဒေပုဒ်မ ၂၃၂ အခန်း(က) အပိုဒ်(၁)တွင် ပြည်ထောင်စု ဝန်ကြီး ရွေးချယ်တင်မြှောက်မှုတွင် အသက် ၄၀ ပြည့်ပြီးသူဖြစ်ရမည်ဟု ဖော်ပြထားသည်။

အမျိုးသားလူငယ်ကွန်ဂရက်အဖွဲ့၏ နည်းပညာညှိနှိုင်းရေးမှူး ကိုစောသူရအောင်က အနာဂတ်မှာ တက်လာမယ့် အသက် ၃၀ မပြည့်တဲ့လူငယ်တွေကို ကန့်သတ်ထားတယ်။ နိုင်ငံတော်ရဲ့ ဥပဒေပြုရေး တွေ အုပ်ချုပ်ရေးပိုင်းတွေမှာ လူငယ်တွေပါ၀င် ပတ်သက်ခွင့်မရှိလို့ ကန့်သတ်ထားတယ်လို့ မြင်တယ်။''ဟုပြောကြားသည်။

နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးပိုင်းတွင် အသက်ကန့်သတ်ထားသော်လည်း အမျိုးသား ကွန်ဂရက်မှ လေ့လာစောင့်ကြည့် ခဲ့သော ရွေးကောက်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ် ပေါင်း(၆၀၇၄) ဦးရှိသည့်အနက် ရ၃၃ ဦး(၁၂ ရာခိုင်နှုန်း) မှာ လူငယ်များဖြစ်သည်ဟု ဒီဇင်ဘာ ၁၈ရက်နေ့၊ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မဲရုံများ၏ လေးပုံသုံးပုံနီးပါးရှိ လေ့လာစောင့်ကြည့်သူများတွင် ရ၅ ရာခိုင်နှုန်းအထက်မှာ လူငယ်များ ဖြစ်ကြပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လေးပုံတစ်ပုံထက်ပိုသည့် ပမာဏရှိသည်ဟု ဆက်လက်ဖော်ပြသည်။

အမျိုးသားလူငယ်ကွန်ဂရက်အဖွဲ့သည် နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် စောင့်ကြည့် လေ့လာသူ(၁၁၂၇) ဦးဖြင့် မြို့နယ်(၂၉၁) ရှိ မဲရုံပေါင်း (၅၄၃) ရုံအား မဲရုံတစ်ရုံလျှင် လူငယ် နှစ်ဦးက မဲရုံစတင်မဖွင့်မီအချိန်မှ မဲများရေတွက်ပြီးချိန် ထိ လေ့လာစောင့်ကြည့်ခဲ့သည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...