“ဒီစနစ်ကို ထည့်သွင်းရေးဆွဲမှသာ မိမိ ဝင်ငွေရလမ်း မဖော်ပြနိုင်ဘဲ ပိုင်ဆိုင်ထားမှုအလိုက် နှစ်စဉ် နိုင်ငံတော်ကို အခွန်ပေးဆောင်စေခြင်းဖြင့် နိုင်ငံသားတစ်ဦးခြင်းစီ ပိုင်ဆိုင်မှုမြောက်များစွာ ထားရှိ နေခြင်းကို ထိန်းချုပ်နိုင်မှာ ဖြစ်မှာပါတယ်”ဟု ၎င်းက အကြုံပြုခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းသည် လွှတ်တော်တွင် အစိုးရ၏ ၂၀၁၅-၂၀၁၆ ခုနှစ် ပထမ ခြောက်လပတ် အမျိုးသားစီးမံကိန်းဆောက်ရွက်မှု အစီအရင်ခံစာပေါ် ပြည်ထောင်စုလွှတ်တော်၏ စီမံကိန်းများနှင့်ဘဏ္ဍာရေးဖွံ့ ဖြိုးတိုးတက်မှု ပူးပေါင်းကာ်မတီ၏ စိစစ်တွေ့ရှိချက်အစီအရင်ခံစာကို ဆွေးနွေးပြီး ပိုင်ဆိုင်မှုအခွန်(Propet Tax) ထည့်သွင်း ရေးဆွဲသင့်ကြောင်း အကြံပြုခဲ့သည်။
ပညာရေးကဏ္ဍ၊ သစ်တောကဏ္ဍ၊အခွန်စနစ်နှင့် ကုန်သွယ်မှုကဏ္ဍများကိုလည်း အစိုးရ၏ လုပ်ဆောင်ချက်များကိုလည်း NLD အမတ် ဒေါ်စန္ဒာမင်းက ပြည်ထောင်စုလွှတ်တော်၌ ဝေဖန်ဆွေးနွေးခဲ့သည်။







