ဆွေးနွေးဖက်မဟုတ်သည့် ၃ဖွဲ့ကို နိုင်ငံရေးဆွေးနွေးပွဲသို့ အထူးဧည့်သည်အနေဖြင့် ဖိတ်မည်

ဆွေးနွေးဖက်မဟုတ်သည့် ၃ဖွဲ့ကို နိုင်ငံရေးဆွေးနွေးပွဲသို့ အထူးဧည့်သည်အနေဖြင့် ဖိတ်မည်
by -
မဇ္ဈိမ
ဓါတ်ပုံ- MPC
ဓါတ်ပုံ- MPC
အစိုးရက ဆွေးနွေးဖက်အဖြစ်မသတ်မှတ်သည့် လားဟူဒီမိုကရက်တစ် အဖွဲ့အစည်း(LDU)၊ "ဝ" အမျိုးသား အဖွဲ့အစည်း(WNO) နှင့် ရခိုင်အမျိုးသားကောင်စီ(ANC) တို့မှ တစ်ဖွဲ့လျှင် (၃)ဦးစီကို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများသို့ အထူးဧည့်သည်များအနေဖြင့် ဖိတ်ကြားသွားမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ နိုင်ငံရေး ဆွေးနွေးပွဲဌာန ဒါရိုက်တာ ဦးအောင်နိုင်ဦးက ပြောသည်။

"အစိုးရသတ်မှတ်ထားတဲ့ ၁၆ ဖွဲ့ထဲက ကျန်တဲ့ ၈ဖွဲ့ရယ်၊ ANC ရယ်၊ LDU ရယ်၊ WNO ရယ်ကို အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော်များအနေနဲ့ ဖိတ်မှာ ဖြစ်ပါတယ်။ ၈ဖွဲ့နဲ့ ၃ဖွဲ့နဲ့ ၁၁ဖွဲ့ကို ၅၀ ဦးထက်မပိုပဲ အထူးဖိတ်ကြားထားတဲ့ အထူးဧည့် သည်တော်တွေအနေနဲ့ ဖိတ်ကြားသွားမှာ ဖြစ်ပါတယ်"ဟု ဦးအောင်နိုင်ဦးက ပြောသည်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်အား ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ သည့် တတိယအကြိမ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)က အတည်ပြုပေးနိုင်ခဲ့ပြီး နိုင်ငံတော် သမ္မတထံသို့ ယင်းနေ့ မွန်းလွှဲပိုင်းတွင် အပ်နှံခဲ့ခြင်း ဖြစ်သည်။

"၂ဖွဲ့ကိုတော့ ချန်ထားဖို့ သဘောတူခဲ့ကြတယ်။ ကျန်တဲ့ အဖွဲ့တွေကိုတော့ လက်မှတ်ထိုးပြီးသား  အဖွဲ့တွေကော အရင်ကဆွေးနွေး ထားတဲ့အဖွဲ့တွေကော အထူးဖိတ်ကြားမယ့်အဖွဲ့ (၃)ဖွဲ့ဆိုပြီး သဘောတူညီမှုရခဲ့ပါတယ်"ဟု UPDJC ဒုတိယ ဥက္ကဌ ဦးသုဝေက ပြော သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန် အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT)က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၂၁)ဖွဲ့ နှင့် လက်မှတ်ရေးထိုးရန် တောင်ဆို ခဲ့သော်လည်း အစိုးရမှ (၁၅)ဖွဲ့ဖြင့်သာ လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့သည့်အတွက် နှစ်ဖက်သဘောထားကွဲလွဲမှုများ ဖြစ်ပေါ် ကာ အောက်တိုဘာလအတွင်း လက်နက်ကိုင် အဖွဲ့ (၈)ဖွဲ့ဖြင့် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

အစိုးရက အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးရန်ဖိတ်ခေါ်ခဲ့သည့် ၁၅ ဖွဲ့အနက် ကရင်းအမျိုးသားအစည်း အရုံး(KNU)၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တပ်မတော်(တောင်ပိုင်း)(RCSS/ SSA)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့(PNLO)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ(KPC)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)တို့သာ အပစ်ရပ်စာချုပ်အား လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။

အပြီးသတ် သဘောတူညီမှုရရှိပြီးဖြစ်သည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်အရ ၂၀၁၆ ဇန်နဝါရီ ၁၅ မတိုင်မီ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ခေါ်ယူကျင်းပပြီး အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပပြုလုပ်သွားရမည်ဖြစ်မည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...