တယ်လီဖုန်းပြောဆိုသည့် အခွန်ငွေမှ ကျပ်ငွေ ဘီလီယံ ၈၀ကျော်ရရန်ခန့်မှန်း

တယ်လီဖုန်းပြောဆိုသည့် အခွန်ငွေမှ ကျပ်ငွေ ဘီလီယံ ၈၀ကျော်ရရန်ခန့်မှန်း
by -
မဇ္ဈိမ
၂၀၁၆ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း၌ တယ်လီဖုန်းပြောဆိုသည့် အခွန် ကောက်ခံရန် ထည့်သွင်းပြဌာန်း ထားပြီး ပြောဆိုသည့် အခွန်ငွေမှ ကျပ်ငွေ ဘီလီယံ( ၈၀)ကျော်ရရှိရန် ခန့်မှန်းလျားထားကြောင်း ဒီဇင်ဘာလ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပသည့် ပြည်ထောင်စု အစည်းအဝေးမှ သိရသည်။

အဆိုပါ ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒီဇင်ဘာလ ၁၅ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

"အထူးတင်ပြလိုသည့်အချက်တဟ်ချက်ရှိပါတယ် ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်လျာထားချက်မှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်က ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံရန် ဆိုင်းငံ့ထားသော တယ်လီဖုန်း ပြောဆိုခကြိုတင် ငွေဖြည့်အပေါ် ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံရန် ကျပ်ဘီလီယံ ၈၀ ကျော်ရရှိရန် လျာထားချက် ပါဝင်ကြောင်း တင်ပြအပ်ပါသည်"ဟု ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းခဲ့သည်။

အဆိုပါ တယ်လီဖုန်းပြောဆိုသူများထမ်းဆောင်ရမည့်အခွန်ကို ၂၀၁၅ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေတွင် အတည်ပြုပြဌာန်းခဲ့ပြီးနောက် ပြည်သူများမှ ကန့်ကွက်ဆိုင်းငံ့ထားခြင်းလည်း ဖြစ်သည်။

၂၀၁၆ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက် ဥပဒေကြမ်းတွင် အခွန် အရပ်ရပ်အတွက် အခွန် ၁၉ မျိုး ကောက်ခံရန် လျားထားကြောင်းနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် အခွန်ကျပ် ငွေ ၆၂၁၈.၃၂၉ ဘီလီယံရရှိရန် လျားထားကြောင်းလည်း ယင်းဥပဒေကြမ်းကို တင်သွင်းသည့်အစိုးရအဖွဲ့မှ ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...