ပါတီရုံး ဒိုင်းနမိုက်နှင့် ခွဲခံရသည့် ကိစ္စတိုင်ကြားသော်လည်း အရေးမယူ၍ သမ္မတထံတိုက်ရိုက်ပြောဆို

ပါတီရုံး ဒိုင်းနမိုက်နှင့် ခွဲခံရသည့် ကိစ္စတိုင်ကြားသော်လည်း အရေးမယူ၍ သမ္မတထံတိုက်ရိုက်ပြောဆို
by -
မဇ္ဈိမ
တီးတိန်မြို့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတရုံး ဒိုင်းနမိုက်ခွဲခံရမှုအား ရဲစခန်း၊ ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားထားသော်လည်း တစုံတရာ အကြောင်းပြန်ကြားခြင်းမပြု၍ ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က နိုဝင်ဘာ ၁၅ရက်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၌ သမ္မတကြီးနှင့် တွေ့ဆုံစဉ် တိုက်ရိုက်တိုင်ကြားပြောဆိုခဲ့သည်။

''အခုထိ အရေးမယူပါဘူး။ ဒီပုံစံနဲ့ ကျွန်တော်တို့ နိုင်ငံရေးဆက်လုပ်ရမှာ တော်တော်ဝမ်းနည်းပါတယ်။ သမ္မတကြီးကို တိုင်ကြားပါတယ် အရေးယူပေးပါ။''ဟု နိုင်ငံရေးပါတီများနှင့် နိုင်ငံတော်သမ္မတ တွေ့ဆုံပွဲတွင် ဦးဇိုဇမ်က ပြောကြားသည်။

အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက တီးတိန်မြို့ရှိ ချင်းအမျိုးသားတပ်ဦးနှင့် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီတို့ကို ပူးတွဲဖွင့်ထားသည့် ရုံးခန်းတွင် ဖောက်ခွဲခံရခြင်းဖြစ်သည်။

''ဒီနေ့ သမ္မတကြီးကို ထပ်တိုင်ကြားလိုက်တာပဲ သမ္မတကြီးကို တိုင်ကြားပြီးပြီဆိုတော့ သူ့တာဝန် ဖြစ်သွားပြီ။ ဒီလို အကြမ်းဖက်လုပ်ငန်းကြံုရတာ နိုင်ငံရေး (၉၂) ပါတီ ထဲမှာ ကျွန်တော့်ပါတီတစ်ခု တည်းပါ။ ကျွန်တော်ဒီလိုခံစားရတာ သမ္မတကြီးကို အသိပေးလိုက်တာ''ဟု ဦးဇိုဇမ်က မဇ္ဈိမသို့ ပြောသည်။

သမ္မတဦးသိန်းစိန်က အဖြေအတိအကျ မပေးသော်လည်း နိုင်ငံရေးပါတီများ၏သဘောထားအမြင်များ၊ အရေးယူဆောင်ရွက်ရမည့်ကိစ္စများမှ တချို့အချက်များမှာ လက်ရှိအစိုးရလက်ထက်တွင် ဆောင်ရွက် ပေးနိုင်သည့် ကိစ္စများကို ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...