NLD ပါတီ တာဝန်ရှိသူများက ရွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်းဖြင့် တောင်ပြိုကမ်းပြို အနိုင်ရရှိသည်ဟု အခိုင်အမာ အတည်ပြုပြောကြားထားသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အတော်လေးလွတ်လပ်မှုရှိသည်ဟု ပြောသော်လည်း မူမမှန်သည့် ဖြစ်ရပ်များလည်းရှိကြောင်း သတင်းထောက်များအား ပြောသည်။
ထို့အပြင် ရွေးကောက်ပွဲကော်မရှင်က ရလဒ်ကို အပိုင်းလိုက် တဖြည်းဖြည်းချင်း ကြေညာနေခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်မိကြောင်းလည်း ပြောခဲ့သည်။
"ဒါက ဘယ်လိုများလဲဆိုတော့ ရလဒ်ကို သွေဖည်ဖို့ ကြိုးစားနေသလိုပါပဲ။" "It shouldn't be like that … they are trying to be crooked,"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။
ရွေးကောက်ပွဲတွင် ရှုံးနိမ့်ကြောင်းကို ပြိုင်ဖက်အာဏာရပါတီမှ ပူးတွဲဥက္ကဌဖြစ်သူ ဦးဌေးဦးက "ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ထင်ထားတာထက် အကြီးအကျယ် ရှုံးနိမ့်ခဲ့ပါတယ်။"ဟု ဝန်ခံထားပြီးလည်း ဖြစ်သည်။
ရလဒ်ကြေညာချက်ထုတ်ရာတွင် အချိန်ကြာလေးဖင့်နေစဉ် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအရ သမ္မတဖြစ်ခွင့် တားမြစ်ခံထားရသော်လည်း အစိုးရအဖွဲ့ကို ဦးဆောင်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားလာသည်။
သမ္မတအထက်မှနေကာ အစိုးရအဖွဲ့အား ဦးဆောင်မည်ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ်က အာဏာပြင်းသည့် စစ်တပ်နှင့် ထိပ်တိုက်တွေ့လာလိမ့်မည်ဖြစ်ကြောင်း အကဲဖြတ်များက သုံးသပ်ထားသည်။
လွှတ်တော်ကို ဖေဖော်ဝါရီလတိုင်အောင် ကျင်းပနိုင်ဦးမည် မဟုတ်ပေ။







