"လှည်းဆိပ်ကျေးရွာအုပ်စု စခန်းမှူးက သူ့အတွက်ကော ရဲဝန်ထမ်းတွေအတွက် သူတယောက်ထဲ အားလုံးကိုယ်စား ကြိုတင်မဲပေးခဲ့လို့ ကော်မရှင်ကို ကန့်ကွက်စာတင်ထားတယ်"လို့ မဇ္ဈိမကို ပြောပါတယ်။
“၄ ရက်နေ့မှာ ကြိုတင်မဲတွေ ကောက်ခံတာ၊ အဲဒီမှာ ပါတယ်လို့ သူကပြန်ပြောလို့ ကျွန်တော်က ၅ရက်နေ့မှာ တိုင်ကြားခဲ့တယ်၊ အခု ကန့်ကွက်တာ ရွေးကောက်ပွဲ အရေးကြီးလို့ အမုန်းမပွားအောင်ပေါ့” လို့လည်း စခင်ဇော်လင်းက ပြောပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ(၅၉)(ဂ)ဆန္ဒမဲ လက်မှတ် သို့မဟုတ် ကြိုတင် ဆန္ဒမဲ လက်မှတ်ကို မသမာသောနည်းဖြင့် အခြားသူတစ်ဦးအားပေးခြင်း ပြစ်ဒဏ်ဖြင့် ထောင်ဒဏ်တစ်နှစ် သို့မဟုတ် ဒဏ်ငွေတစ်သိန်း ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။







