ကြံ့ခိုင်ရေးအမတ် မန္တလေးတိုင်း လူမှုရေးဝန်ကြီးက အောင်မြေသာစံဒေသခံများအား မျက်စိအခမဲ့ကုပေးကာ မဲဆွယ်

ကြံ့ခိုင်ရေးအမတ် မန္တလေးတိုင်း လူမှုရေးဝန်ကြီးက အောင်မြေသာစံဒေသခံများအား မျက်စိအခမဲ့ကုပေးကာ မဲဆွယ်
by -
မဇ္ဈိမ
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ မေတ္တာ၊ စေတနာ၊ ဂရုဏာ ပရဟိတ အသင်းတွင် နိုဝင်ဘာ ၁ ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေး ဝန်ကြီး ဒေါက်တာဝင်းလှိုင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း)သည် အဆိုပါရပ်ကွက်ရှိ ဒေသခံများအား မျက်စိအခမဲ့ကုသပေးကာ မဲဆွယ်စည်းရုံးခဲ့သည်။

ထိုသို့ မဲဆွယ်စည်းရုံးမှုကို ဝင်ရောက်သတင်းယူကြသော မန္တလေးအခြေစိုက် မဇ္ဈိမအပါအဝင် EPA၊ ဧရာဝတီ နှင့် ပေါ်ပြူလာဂျာနယ်တို့မှ သတင်းထောက်များအား ဆေးလာကုသူများ စိတ်အနှောက် ဖြစ်သည်ဟု အကြောင်းပြကာ စေတနာ၊ မေတ္တာ၊ ဂရုဏာ ပရဟိတ အသင်းဥက္ကဋ္ဌက နှင်ထုတ်ခဲ့သည်။

"ခင်ဗျားတို့ကြောင့် လူနာတွေ စိတ်အနှောက်အယှက် ဖြစ်တယ်။ ထွက်သွားပေးပါ။ ငါတို့က ပရဟိတ လုပ်နေတယ်။"ဟု ပြောဆို်ခဲ့သည်။

ထိုသို့ မျက်စိဝေဒနာရှင်များကို အခမဲ့ကုသပေးပြီး ဒေါက်တာဝင်းလှိုင်အား မဲပေးရန် လက်ကမ်း စာစောင်များ ဝေပေးသည်ကို သတင်းထောက်များက တွေ့ရှိခဲ့သည်။

ဝေဒနာရှင်များ ကိုင်ထားသည့် လက်ကမ်းစာစောင်များကို ဓာတ်ပုံရိုက်ရာတွင်လည်း မရိုက်ရန် ပါတီဝင်များက လိုက်လံတားမြစ်ပြီး ပါတီအတွက် မဲဆွယ်စည်းရုံးနေခြင်း မဟုတ်ကြောင်း ပြောဆိုသည်။

EPA ဓာတ်ပုံသတင်းထောက် ကိုဟိန်းထက်က "ကျွန်တော်တို့ ဓာတ်ပုံရိုက်တယ်။ ဒါကိုနှင်ထုတ်တယ်။ ဒါမျိုး မလုပ်သင့်ဘူး။"ဟု မဇ္ဈိမသို့ ပြောသည်။

ဧရာဝတီမှ ဓာတ်ပုံ သတင်းထောက် ကိုတေဇလှိုင်ကလည်း "ပရဟိတ အသင်းဥက္ကဋ္ဌ အနေနဲ့ နှင်မထုတ်သင့်ဘူး။ ကျွန်တော်တို့က စိတ်ကြိုက်ဓာတ်ပုံစောင့်ရိုက်တယ်။ ပြီးရင်သွားမှာပဲ။ ဒါကို အခုလို နှင်သလိုလုပ်တာတော့ မကောင်းဘူး။ ပြီးတော့ အပြင်မှာ မိုးရွာနေတယ်ဗျာ။"ဟု ပြောသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...