ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိစ္စ ဥပဒေနှင့်အညီ ဝင်ရောက်အရွေးချယ်ခံကြရမည်ဟု တပ်ချုပ်ကြီးပြော

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိစ္စ ဥပဒေနှင့်အညီ ဝင်ရောက်အရွေးချယ်ခံကြရမည်ဟု တပ်ချုပ်ကြီးပြော
by -
မဇ္ဈိမ
၂၀၁၀ ခုနှစ်၊ သြဂုတ်လမှစ၍ သမ္မတကြီးက ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့ခြင်းမှာ လက်နက်ကိုင်ပဋိပက္ခနှင့် ပတ်သက်သူများ အနေဖြင့် ဥပဒေနှင့်အညီ ဝင်ရောက်အရွေးချယ်ခံကြရန်ဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားလိုက်သည်။

ပါတီစုံဒီမိုကရေစီလမ်းသွားရာတွင် လက်နက်ကိုင်ပဋိပက္ခများ ရှိနေ၍ မဖြစ်နိုင်ဟုလည်း ပြောကြားသည်။

"လက်နက်ကိုင်ပဋိပက္ခနှင့် ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိစ္စရပ်များသည်လည်း အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားပြီး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိုင်းများ ရှိပြီးဖြစ်၍ ဥပဒေနှင့်အညီ ဝင်ရောက်အရွေးချယ်ခံကြရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၂၀၁၁ ခုနှစ် ဩဂုတ် လမှစ၍ သမ္မတကြီးမှ ငြိမ်းချမ်းရေး စတင်ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း" အုပ်ချုပ်မှု မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၁၅) မှ သင်တန်းသူ သင်တန်းသား အရာရှိများအား တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ဖော်ပြသည်။

ထို့အပြင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရုံဖြင့်မပြီးဘဲ ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ဆောင်ရွက် ကြရမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။

ဒီမိုကရေစီစနစ်တွင် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ရမည်ဟုလည်း ထပ်မံပြောဆိုလိုက်ပြီး တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကို ထိခိုက်ခြင်း၊ ဒို့တာဝန် အရေးသုံး ပါးကို ထိခိုက်ခြင်းနှင့် တိုင်းရင်းသားပြည် သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် မူဝါဒ (၃) ချက် ချမှတ်ထားပြီး ငြိမ်းချမ်းရေးမူ (၆) ချက်ကိုလည်း ထုတ်ပြန်ထားပြီးဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးက အောက်တိုဘာ ၃၀ ရက်နေ့တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ၌ သင်တန်းသူ သင်တန်းသား အရာရှိများအား တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

ကြိုတင်မဲပေးခြင်းနှင့် ပတ်သက်၍လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတ်မှတ်ချက်များ နှင့်အညီသာ ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်ဟု ပြန်ကြားရေးက ဖော်ပြသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...