ရခိုင်ပြည်ဖွံ့ဖြိုးဖို့ NCA လက်မှတ်ထိုးဟု ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ပြော

ရခိုင်ပြည်ဖွံ့ဖြိုးဖို့ NCA လက်မှတ်ထိုးဟု ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ပြော
by -
မဇ္ဈိမ
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန် ရခိုင်လူထုနှင့် ALP ရခိုင်ပြည် လွတ်မြောက်ရေးပါတီတို့ ပူးပေါင်း ဆောင်ရွက်နိုင်ရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလက်မှတ် NCA ကို ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု ပါတီဗဟိုကော်မတီဝင် ခိုင်ရဲလင်းက အောက်တိုဘာ ၂၄ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

"ရခိုင်က လူလေးသန်းလောက်မှာ သုံးသန်းက နိုင်ငံခြား ထွက်နေကြတယ်။ အလုပ်အကိုင် မရှိလို့ ထွက်နေတော့၊ မတိုးတက်လာခဲ့ဘူးဆိုတာ ပြောစာရာတောင် မလိုတော့ဘူး။ ပြည်နယ် တိုးတက်ဖို့ ရခိုင်လူထု၊ တိုင်းရင်းသားပေါင်းစုံနဲ့ ပူးပေါင်း လုပ်ဖို့၊ လွတ်လပ်စွာ လုပ်နိုင်ဖို့ ဒါတွေကို ဆက်ဆွေးနွေးဖို့ ရှိနေသေးတယ်"ဟု ဆိုသည်။

အောက်တိုဘာ ၂၄ရက်၊ နေ့လည် ၂နာရီ၊ ယုဇနဟိုတယ်တွင် ပြုလုပ်သည့် NCA လက်မှတ် ရေးထိုးခြင်း နှင့် ပက်သက်ပြီး ရခိုင်လူထု တွေ့ဆုံပွဲ မပြုလုပ်မီ အချိန်တွင် မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

ALP သည် NCA လက်မှတ်ရေးထိုးရခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်တွင် ရခိုင်လူထုနှင့် ပထမဆုံး တွေ့ဆုံကာ ရှင်းလင်းမည်ဖြစ်ပြီး၊ ရခိုင်ပြည်နယ် စစ်တွေတွင်လည်း သီတင်းကျွတ် နောက်ပိုင်းတွင် ရခိုင်လူထုနှင့် တွေ့ဆုံကာ ရှင်းလင်းမည်ဟု ဆိုသည်။

"ရန်ကုန်မှာ အရင်တွေ့တာပါ။ စစ်တွေမှာတော့ သီတင်းကျွတ် ကာလပြီးမှ ထပ်လုပ်မယ်။ ကျွန်တော် တို့ လက်မှတ်ထိုးတာက တစ်တိုင်းပြည်လုံး ကောင်းစားဖို့ပါ။  ၂၀၀၈ အခြေခံဥပဒေနဲ့ သွားလို့ မရတဲ့ အပေါ် တိုင်းရင်းသား အားလုံးနဲ့ အတူ အခုလိုသွားဖို့ ဆုံးဖြတ်ထားတဲ့အတိုင်း လုပ်ခဲ့တာပါပဲ" ဟု ခိုင်ရဲလင်းက ဆိုသည်။

အောက်တိုဘာ ၂၄ရက်နေ့၊ NCA လက်မှတ်ရေးထိုးခြင်း ရှင်းလင်းပွဲသို့ ရန်ကုန်အခြေစိုက် ရခိုင် လူထုနှင့် ရခိုင်အဖွဲ့ အစည်းများကို ဦးစားပေး ဖိတ်ကြားကာ၊ တက်ရောက်လာသူများ၏ မေးမြန်မှုများ ကိုသာ ဦးစားပေး ဖြေဆိုသည်။

NCA စာချုပ်ကို အစိုးရဖိတ်ခေါ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ခုမှ ALP၊ KNU (ကရင် အမျိုးသား အစည်းအရုံး) တို့ အပါအဝင် ၈ဖွဲ့က အောက်တိုဘာ ၁၅ရက်နေ့၊ နေပြည်တော်တွင် အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့သည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...