မဲဆန္ဒရှင် သက်သေခံလက်မှတ်အား မဲပေးမည့်နေ့ မတိုင်မီ တစ်ပတ်အလိုတွင် ထုတ်ယူရမည်

မဲဆန္ဒရှင် သက်သေခံလက်မှတ်အား မဲပေးမည့်နေ့ မတိုင်မီ တစ်ပတ်အလိုတွင် ထုတ်ယူရမည်
by -
မဇ္ဈိမ
နိုဝင်ဘာလ ရွေးကောက်ပွဲတွင် မဲပေးရန် သက်သေခံလက်မှတ်ကို မဲဆန္ဒရှင်များအား မဲပေးမည့်နေ့ မတိုင်မီ တစ်ပတ်အလိုတွင် ထုတ်ပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောသည်။

သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံး၌ သွားရောက်ထုတ်ယူရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဦးက ပြောကြားသည်။

''မှတ်ပုံတင်ပြပြီး ပေးလည်း ရတယ်။ ဒီသက်သေခံလက်မှတ်က မှတ်ပုံတင်မရှိသူတွေအတွက် ပိုအဆင်ပြေတယ်။ တချို့က မဲစာရင်းမှာ ကိုယ့်နာမည်ပါတာ သေချာရင် သွားမထုတ်လည်း ရတယ်။ လက်မှတ်မှာ ကိုယ်ပေးရမယ့် မဲရုံတွေ၊ အမှတ်စဉ်တွေပါတော့ မဲပေးရတာ လွယ်ကူတာပေါ့။ တစ်ပတ် အလိုမှာ ထုတ်လို့ရမယ်။ ပုံစံ ၃-က တွေလည်း အကျုံးဝင်တယ်။''ဟု ၎င်းက မဇ္စျိမသို့ ပြောသည်။

ရက်ပေါင်း ၁၈၀ ထက်မနည်း မိမိတို့ နေထိုင်ရာ မဲဆန္ဒနယ်၏ ပြင်ပသို့ ရောက်နေသော မဲဆန္ဒရှင်များ အနေဖြင့် ရွေးကောက်ပွဲနည်းဥပဒေအရ ပုံစံ ၃-က လျှောက်ထား၍ မဲစာရင်းသွင်းခွင့် ရှိသည်။

နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲအပြီး အနိုင်အရှုံး မဲစာရင်းများကို သက်ဆိုင်ရာ မဲဆန္ဒ နယ်မြေ မဲရုံအကွာအဝေးပေါ်မူတည်ပြီး ၂ ရက်မှ ၃ ရက်အတွင်း ပထမစာရင်း ထုတ်ပြန်နိုင်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးသိန်းဦးက ပြောကြားသည်။

''မဲစာရင်းကို သက်ဆိုင်ရာမဲရုံမှာပဲ ရေတွက်ပြီး စာရင်းတွေတော့ တက်နေမှာပါ။ ပြီးတဲ့ မဲဆန္ဒနယ် တွေတော့ တက်နေမှာ ဘဲ။ တစ်နိုင်ငံလုံး ရလာဒ်ကတော့ ၈ ရက်၊ ၉ ရက်လောက်ကြာမယ်။''ဟု ၎င်းက မဇ္စျိမသို့ ပြောကြားသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...