မိုင်းရှူးမြို့ မိုင်းပေါက်ကွဲမှုတွင် စိုးရိမ်ရသူ ခိုလမ်ဆေးရုံသို့ ပြောင်းရွှေ့

မိုင်းရှူးမြို့ မိုင်းပေါက်ကွဲမှုတွင် စိုးရိမ်ရသူ ခိုလမ်ဆေးရုံသို့ ပြောင်းရွှေ့
by -
မဇ္ဈိမ
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကျောင်းအနီး အောက်တိုဘာ ၂၁ ရက်နေ့က ချိန်ကိုက်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ ၄ ဦးအနက် ၂ ဦးမှာ စိုးရိမ်ရသဖြင့် ခိုလမ်ဆေးရုံကြီးသို့ ပြောင်းရွှေ့လိုက်ကြောင်း အကူအညီပေးနေသူ ဒေသခံများက ပြောကြားသည်။

မိုင်းပေါက်ကွဲမှုကြောင့် ဟံသာမုနိဘုရားကြီးကျောင်းမှ ကိုရင် ၂ ပါး အပါအဝင် ဒေါ်နန်းလိတ် (၇၅) နှစ်၊ မနန်းခင် (၁၂) နှစ် စုစုပေါင်း ၄ ဦး မိုင်းစထိမှန်၍ ဒဏ်ရာအသီးသီးရရှိခဲ့သည်။

''မိုင်းကွဲတဲ့နေရာရဲ့လမ်းတစ်ဖက်ခြားတဲ့ ဘုန်းကြီးကျောင်းက ကိုရင်လေးနှစ်ပါးကတော့ မိုင်းရှူး ဆေးရုံမှာပဲ။ စိုးရိမ်ရတဲ့ အမျိုးသမီး နှစ်ဦးကတော့ ဒီဆေးရုံမှာ ခွဲစိတ်ကိရိယာ အစုံမရှိလို့ ခိုလမ်ပြည်သူ့ ဆေးရုံကြီးကို ပို့လိုက်ပါတယ်။''ဟု ကူညီပေးနေသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်း ဦးစိုင်းထွန်းအေးက မဇ္စျိမသို့ ပြောသည်။

ပရဟိတ ကူညီမှုပေးနေသည့် ဒေါ်နန်းဆိုင်ဟိန်းက ရ၅ နှစ်အရွယ် အမျိုးသမီးကြီးမှာ ဝမ်းဗိုက်၊ ရင်အုံ၊ နောက်ကျောတို့ နှင့် ၁၂ နှစ်အရွယ် မိန်းကလေးမှာ လည်ပင်း၊ မျက်နှာတို့တွင် ထိမှန်သောကြောင့် ဒဏ်ရာပြင်းသည်ဟု ဆိုသည်။

''ဒဏ်ရာစိုးရိမ်ရတယ်၊ အခု ခိုလမ်ပြည်သူ့ဆေးရုံကြီးကို ပြောင်းလိုက်ပြီ။ ကျွန်မတို့အဖွဲ့ တတ်နိုင် သလောက် ကူညီငွေလိုက်လံကောက်ခံတာ ၁သိန်းကျော်ရပါပြီ။ ငါးသောင်းတော့ လှူပြီးသွားပြီ။''ဟု နန်းဆိုင်ဟိန်းက ပြောပြသည်။

အောက်တိုဘာ ၂၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဒဏ်ရာရသူနှစ်ဦးသာရှိသည်ဟု ဖော်ပြထားသည်။

အောက်တိုဘာ ၂၀ ရက်ကလည်း မိုင်းရှူးမြို့နယ်အတွင်းရှိ မိုင်းစံမြို့ယာယီရဲစခန်း ခြံစည်းရိုးတွင် မိုင်းနှစ်လုံးဆက်တိုက်ပေါက် ကွဲမှုဖြစ်ခဲ့သေးသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...