အလွွှာအသီးသီး ပါဝင်သော သတင်းမီဒီယာ ကောင်စီဝင်များ ရွေးချယ်တင်မြှောက် ပြီးစီး

အလွွှာအသီးသီး ပါဝင်သော သတင်းမီဒီယာ ကောင်စီဝင်များ ရွေးချယ်တင်မြှောက် ပြီးစီး
by -
မဇ္ဈိမ
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဖွဲ့စည်းရန် အလွှာအသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်သော ကောင်စီဝင်များကို အောက်တိုဘာ ၂၂ ရက်နေ့၊ ရန်ကုန်မြို့ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်တွင် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၂ ရက်နေ့ထိ အဆိုပြုထားကြသည့် ကိုယ်စားလှယ်လောင်း ၃၁ ဦး ထဲမှ ၂၄ ဦးအား ကောင်စီဝင်များ အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတက အဆိုပြုသည့် ကိုယ်စားလှယ် ၁ ဦး၊ အမျိုးသားလွှတ်တော်က အဆိုပြုသည့် ၁ ဦး၊ ပြည်သူ့လွှတ်တော်က အဆိုပြုသည့် ၁ ဦး၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က အဆိုပြုသည့် ၂ ဦး၊ အဖွဲ့ဝင်အင်အား ငါးရာကျော် ရှိသည်ဟုဆိုသော MJA၊ MJU၊ MJN၊ BNI အဖွဲ့အ စည်းများက ၁ ဦးစီတို့မှာ ရွေးချယ်ခံရန် မလိုအပ်ဘဲ အလိုအလျောက် ဝင်ခွင့်ရခဲ့သည်။

အလိုအလျောက် ဝင်ခွင့်ရမှုနှင့် ပတ်သက်၍ သတင်းမီဒီယာ ကောင်စီဝင်အဖြစ် ရွေးချယ်ခံရသူ ဦးမြင့်ကျော်က ''နည်းဥပဒေ ထဲမှာတော့ မပါဘူး။ နည်းဥပဒေထဲမှာ အရင်က ထည့်ရေးမယ်လို့ စဉ်းစားထားတာ မရေးဖြစ်ဘူး။ (ယာယီကောင်စီ) MPC က နှစ်ယောက်ကတော့ အသစ်နဲ့အဟောင်း အဆက်မပြတ်အောင်ဆိုပြီး ထည့်ထားတာ။ အသင်းအဖွဲ့တွေက တစ်ဦးစီပါ တယ်ဆိုတာ အရင်စာ နယ်ဇင်းကောင်စီ (ယာယီ) ဖွဲ့တုန်းကလည်း အသင်းအဖွဲ့ထဲက ပါခဲ့ကြတယ်။ အသင်းဝင်များတဲ့ အဖွဲ့ တွေမှာ အသင်းသား ၁၀၀၀ ကျော်ရှိတော့ အသင်းအဖွဲ့ထဲက မပါလာရင် ကောင်စီက အားနည်းမယ် ဆိုပြီးတော့ တစ်ယောက်နှုန်း ပါအောင် အားလုံးဆုံးဖြတ်ပြီး ထည့်တာပါ''ဟု ဆိုသည်။

သတင်းမီဒီယာ ကောင်စီများအဖြစ် ရွေးချယ်ခံရသူများထဲတွင် သတင်းမီဒီယာ အသင်းအဖွဲ့ များမှ ၅ ဦး၊ တစ်ဦးချင်း ကိုယ်စားလှယ်များက ၂ ဦး၊ သတင်းအေဂျင်စီများမှ ၁ ဦး၊ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိ သူများမှ ၂ ဦး၊ စာရေးဆရာများမှ ၂ ဦး၊ လူမှုရေး၊ စီးပွားရေး၊ စာပေယဉ်ကျေးမှု၊ ဥပဒေရေးရာ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ အသိပညာရှင် အတတ်ပညာရှင်များမှ ၃ ဦး တို့လည်း ပါဝင်သည်။

စာနယ်ဇင်းအခွင့်အရေးများကို အခြားအဖွဲ့များနှင့် လက်တွဲ ဆောင်ရွက်သွားမည်ဟု ကောင်စီ ဝင်အဖြစ် ရွေးချယ်ခံရသည့် သမဂ္ဂဂျာနယ် အယ်ဒီတာချုပ် ဦးမျိုးကိုမျိုးက ဆိုသည်။ နည်းဥပဒေ ပုဒ်မ ၁၁ (က) အရ အရ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏ အဆိုပြုခံရသူ ကောင်စီဝင် ဦးအောင်လှထွန်းက ''ဦးရွှေမန်းနဲ့ ကျွန်တော် လုံးဝမသိပါဘူး။ ဒီမိုကရေစီနေ့တုန်းက တစ်ခါ စကားပြောခွင့်ရတော့ ကျွန်တော်ကို ရွေးချယ်ထားပြီး ကျွန်တော့အကြောင်း အားလုံးသိပါတယ်လို့ ပြောတယ်။ အခြားသူတွေ အထင်အမြင်မှားမှာ စိုးလို့ပါ''ဟု ရှင်းပြသည်။

ကောင်စီဝင် ရွေးချယ်ပွဲနှင့် ပတ်သက်၍ ပြည်တွင်းမီဒီအချို့ဝေဖန်မှုများ ရှိနေသည့်အပေါ် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ''မတူကွဲပြားတဲ့ အယူအဆတွေ သဘောမကျတာတွေကတော့ သဘာဝအတိုင်း ရှိမှာဘဲ။ ဝေဖန်နေတဲ့သူတွေက သူတို့ကိုယ်ပိုင် လွတ်လပ်ခွင့်ပေါ့။ မရှင်းလင်းတာ၊ ဘဝင်မကျတွေရှိရင် ကောင်စီရွေးကောက်ပွဲ ကော်မရှင် မေးမြန်းဖို့ ပွင့်ပွင့်လင်းလင်း ဖိတ်ခေါ်ထားတာ ရှိတယ်'' ဟု မဇ္စျိမသို့ ပြောကြားသည်။

လူမှုရေး၊ ဝမ်းရေးကြောင့် ယခုကောင်စီဝင် အရွေးမခံတော့သော်လည်း လူဟောင်းများ ပြန်လည် ပါဝင်လာ၍ ယခု ရွေးချယ်ထားသော ကော်မတီလုပ်ငန်းစဉ်များ အောင်မြင်ဟု ထင်ကြောင်း ဦးကျော်မင်းဆွေက ဆက်လက် ပြောသည်။

သတင်းမီဒီယာ ကောင်စီဝင်များ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမော်သန်းက ယခုရွေး ချယ်ခံရသော ကော်မတီဝင်များမှာ လုပ်စရာများစွာရှိသည်ကို ပိုကောင်းအောင် လုပ်ဆောင်နိုင်မည် ဟု မျှော်လင့်ကြောင်း၊ ရွေးပွဲနေ့မှစ၍ ရ ရက်အကြာ အောက်တိုဘာ ၂၇ ရက်နေ့တွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အစရှိသည့် ကော်မတီဝင်စာရင်းကို ကြေညာပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

သတင်းမီဒီယာ ကောင်စီဝင်များအား ရွေးချယ်ရေးအဖွဲ့တွင် ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဦးမော်သန်း (စီးပွာရေး တက္ကသိုလ်) နှင့် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) ၊ ဒေါက်တာ သက်လွင် (ပါမောက္ခ-စီးပွားရေးတက္ကသိုလ်)၊ ဦးကျော်ဦး (ပုံနှိပ်ထုတ်ဝေရေးအသင်း)၊ ဒေါ်ချိုချိုတင် (မစန္ဒာ)၊ ဒေါ်ရွှေမိုးညွန့် (ရှေ့နေများကွန်ရက်)၊ ဒေါ်သီတာတင် (ပြန်ကြားရေဒုညွှန်ချုပ်)၊ ဒေါ်ကယ်ရီ အင်ချစ်သာ (၀ိဇ္ဇာ-သိပ္ပံ ပညာရှင်အသင်း) တို့ ပါဝင်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...