အဆိုတော် အမွန်း၏ ဒုတိယမြောက် တစ်ကိုယ်တော် Automatic အခွေ အောက်တိုဘာ ၂၂ရက်တွင် ထွက်ရှိမည်

အဆိုတော် အမွန်း၏ ဒုတိယမြောက် တစ်ကိုယ်တော် Automatic အခွေ အောက်တိုဘာ ၂၂ရက်တွင် ထွက်ရှိမည်
by -
မဇ္ဈိမ
အဆိုတော် အမွန်း၏ Automatic အမည်ရှိ ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ်ဘမ်ကို အောက်တိုဘာ ၂၂ရက်နေ့တွင် Bo Bo Music Production မှ စတင်ဖြန့်ချိပေးသွားမည် ဖြစ်သည်။

အဆိုတော် အမွန်း၏ Automatic တေးအယ်ဘမ် ထွက်ရှိမည့်အကြောင်း စာနယ်ဇင်းများအား မိတ်ဆက်ပေးသည့် အခမ်းအနားကို အောက်တိုဘာ ၁၉ရက်တွင် ရန်ကုန်မြို့ရှိ Central Hotel ၌ ကျင်းပခဲ့သည်။

အဆိုတော် အမွန်းက "အမွန်းရဲ့အယ်ဘမ် အသစ်နဲ့ ပရိဿတ်ကို သီချင်းအသစ်လေးတွေ ပေးမှာ မို့လို့ အမွန်း အရမ်းပဲ စိတ်လှုပ်ရှားပါတယ်။ ဝမ်းလည်း သာပါတယ်။ ဒီထဲမှာ မြန်မာဘာသာစကား အနေနဲ့ရော အင်္ဂလိပ်ဘာသာစကား အနေနဲ့ရော တစ်ဝက်ဆီ ဒီအခွေထဲမှာ ထည့်ထားပါတယ်"ဟု ပြောသည်။

Automatic တေးအယ်ဘမ်တွင် တေးသီချင်း အသစ် ၁၀ပုဒ် ပါဝင်ပြီး No Body No တေးသီချင်း Remix လည်း ပါဝင်မည် ဖြစ်သည့်အတွက် သီချင်း စုစုပေါင်း ၁၁ပုဒ် ပါဝင်မည် ဖြစ်သည်။ မြန်မာ တေးသီချင်းအပြင် အင်္ဂလပ်သီချင်းများလည်း ပါဝင်မည် ဖြစ်သည်။

ထို အယ်ဘမ်ခွေ တစ်ခွေလုံးကို အမေရိကန်နိုင်ငံတွင် သွင်းယူခဲ့ခြင်း ဖြစ်ပြီး အမေရိကန်နိုင်ငံမှ တေးရေးဆရာ ၅ဦး၏ တေးသီချင်းများ ပါဝင်မည်ဖြစ်သလို အဆိုတော် အမွန်းကိုယ်တိုင် ရေးသား ထားသည့် သီချင်း ရပုဒ်လည်း ပါဝင်မည် ဖြစ်သည်။

အဆိုတော် အမွန်းသည် Automatic တေးအယ်ဘမ် ကို Bo Bo Music Production မှ ဖြန့်ချိ ပေးမည့် အပြင် Myanmar Music Store Online မှလည်း ဖြန့်ချိ ပေးသွားမည် ဖြစ်ကာ i-tune ကနေလည်း နိုင်ငံတကာသို့ ဖြန့်ချိသွားမည် ဖြစ်သည်။

Automatic တေးအယ်ဘမ်ကို အောက်တိုဘာလ ၂၂ရက်တွင် Bo Bo Music Production မှ ဖြန့်ချိမည်ဖြစ်ပြီး ပရိုမိုရှင်း အနေဖြင့် နိုဝင်ဘာ ၁၁ ရက်တွင် လှည်းတန်းစင်တာ၌ အမှတ်တရ လက်မှတ်ရေးထိုးပွဲ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

၎င်းသည် ကိုယ်ပိုင်သံစဉ် ဖြစ်သည့် "မင်းပေးတဲ့အချစ်"အမည်ရှိ တစ်ကိုယ်တော် အခွေကို ပထမဆုံး စတင်ထွက်ရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် ‘Automatic’ အမည်ရှိ ဒုတိယ တစ်ကိုယ်တော်အခွေကို ထွက်ရှိခြင်း ဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...