သီတင်းကျွတ်လပြည့်နေ့တွင် IC ရှိုးပွဲ ပြည်သူ့ရင်ပြင်၌လုပ်မည်

သီတင်းကျွတ်လပြည့်နေ့တွင် IC ရှိုးပွဲ ပြည်သူ့ရင်ပြင်၌လုပ်မည်
by -
မဇ္ဈိမ
ရောင်စုံမီးလှ သီတင်းကျွတ်ည သီချင်းများနှင့် ပျော်ရွှင်ကြ Iron Cross အဖွဲ့၏ တေးဂီတ ဖျော်ဖြေပွဲကို အောက်တိုဘာ ၂၈ရက်နေ့(သီတင်းကျွတ်လပြည့်)တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပသွားမည် ဖြစ်သည်။

Iron Cross အဖွဲ့၏ တေးဂီတ ဖျော်ဖြေပွဲ ကျင်းပမည့်အကြောင်း စာနယ်ဇင်းများအား မိတ်ဆက် ပေးသည့် အခမ်းအနား ကို အောက်တိုဘာ ၁၉ရက်နေ့တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုတေးဂီတ ဖျော်ဖြေပွဲကို သံလွင် ရတနာကုမ္ပဏီ နှင့် Bagan Entertainment တို့ ပူးပေါင်း တင်ဆက်ခြင်းဖြစ်ပြီး Iron Cross အဖွဲ့၏ ၂၀၁၅ ခုနှစ်အတွင်း ၄ကြိမ်မြောက် ကျင်းပသည့် ဖျော်ဖြေပွဲတစ်ခုလည်း ဖြစ်သည်။

သံလွင်ရတနာကုမ္ပဏီ၏ Event Organizer တစ်ဦး ဖြစ်သည့် ကိုစိုင်းလင်းထွဋ်က "ကျွန်တော်တို့ သံလွင်ရတနာကုမ္ပဏီ အနေနဲ့ Iron Cross အဖွဲ့ရဲ့ ဖျော်ဖြေပွဲ အပြင် နောက်ထပ်လည်း တခြားပွဲတွေ ထပ်လုပ်သွားဖို့ ရှိပါတယ်။ IC ပွဲမှာ ထူးထူးခြားခြား လုပ်ထားတာတော့ မရှိပါဘူး။ IC ဆိုရင်တော့ ပရိဿတ်တွေအတွက်က ထူးခြားနေတာပါပဲ"ဟု ပြောသည်။

သီတင်းကျွတ် လပြည့်နေ့တွင် ပြုလုပ်မည့် Iron Cross အဖွဲ့၏ တေးဂီတ ဖျော်ဖြေပွဲ၌ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့အပြင် အဆိုတော် တင်ဇာမော်လည်း ပါဝင်ဖျော်ဖြေမည် ဖြစ်သည်။

ထိုဖျော်ဖြေပွဲကို Stand ဖြင့်ကြည့်ရှုရမည် ဖြစ်ပြီး လက်မှတ်များကို တစ်စောင်လျှင် ကျပ်တစ်သောင်းဖြင့် ရောင်းချ ပေးသွားမည် ဖြစ် သည်။

လက်မှတ်များကို အောက်တိုဘာ ၂၀ရက်နေ့မှ စတင်ကာ မန်းသီရိ တေးသံသွင်း၊ ရန်ကင်းစင်တာ City Mart ၊ 47လမ်း City Mart ၊ Junction Square City Mart ၊ Koko Nyi Nyi Beauty Saloon၊ The Sun Music၊ 1876 Hot Line ကြိုတင် လက်မှတ်များကို ရရှိနိုင်မည် ဖြစ်သည်။

Iron Cross အဖွဲ့၏ ဂီတ ဖျော်ဖြေပွဲကို အောက်တိုဘာ ၂၈ရက်နေ့(သီတင်းကျွတ်လပြည့်)တွင် ပြည်သူ့ရင်ပြင်၌ ည ရနာရီမှ စတင်ဖျော်ဖြေတင်ဆက်မည် ဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...