ပုသိမ် အင်အန်လ်ဒီ ကိုယ်စားလှယ်လောင်များ ဆိုက်ကားနင်းပြီး စည်းရုံးရေးထွက်

ပုသိမ် အင်အန်လ်ဒီ ကိုယ်စားလှယ်လောင်များ ဆိုက်ကားနင်းပြီး စည်းရုံးရေးထွက်
by -
မဇ္ဈိမ
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုပြီး ဝင်ရောက်ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်များက အနှေးယဉ်လုပ်သားများနဲ့အတူ ဆိုက်ကားနင်းပြီး စက်တင်ဘာ ၂၀ ရက်နေ့က နံနက်က ပုသိမ်မြို့အတွင်း လှည့်လည်မဲဆွယ်ခဲ့သည်။

"သူတို့ရဲ့ အခြေခံဘဝမှာ ဘယ်လောက်ထိ ရုန်းကန်ရလဲဆိုတာ သူတို့နဲ့အတူတူ ခံစားသိရှိခဲ့ရတယ်။ အဲ့ဒီအတွက်ကြောင့် နောင် တချိန်မှာ အပြောင်းအလဲကာလတစ်ခုရောက်တဲ့အခါ ကျွန်တော်တို့ အခြေခံလူတန်းစားတစ်ရပ်ဖွံ့ဖြိုးတိုးတက်ဖို့၊ သူတို့အတွက် အများကြီး ပြင်ဆင်ဖို့ လိုတယ်ဆိုတာ ဒီနေ့မှာတော့ သိရှိခဲ့ရပါတယ်"ဟု ပုသိမ်မြို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးမိုးက လှည့်လည်ပွဲအပြီး မဇ္ဈိမသို့ ပြောသည်။

ယင်းသို့ လှည့်လည်သည့်အပေါ် အနှေးယာဉ်လုပ်သားဦးမောင်မောင်က "ကျွန်တော်တို့ အသိအမှတ် ပြုပြီး လှည့်ပေးတာကျေးဇူးတင်တယ်။ ကျွန်တော်တို့ မြို့ကိုယ်စားလှယ်တွေ ကိုယ်တိုင်နင်းပြီး မဲဆွယ်တာ၊ အရမ်းပျော်တယ်"ဟု မဇ္ဈိမသို့ ပြောသည်။

အောက်တိုဘာ ၂၀ရက်နေ့က လှည့်လည်မှုတွင် အနှေးယာဉ် ၅၀၀ ကျော်ဖြင့် ပုသိမ်မြို့၊ ရေကြည်ဦး ဘုရားမှ စတင်ပြီး မြို့ထဲလမ်းများသို့ လှည့်လည်ခဲ့ပြီး၊ ပြည်သူများမှ ရေသန့်ဘူးစားစရာ စသည်တို့ ဝေငှခဲ့သည်။

၂၀၁၅ နိုဝင်ဘာ ၈ရက်နေ့၊ ရွေးကောက်ပွဲအပြီး တက်လာမည့် အစိုးရသစ်အပေါ် မျှော်လင့်ချက်ကို အနှေးယာဉ်လုပ်သားဦးမောင်မောင် အား မဇ္ဈိမက မေးမြန်းရာ "ကျွန်တော်တို့က ဘာမှ မမျှော်လင့်ဘူး။ ကျွန်တော်တို့ မိသားစု အေးအေးချမ်းချမ်းနေရဖို့ပဲ မျှော်လင့်တယ်" ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ခေတ် သစ်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ကရင်အမျိုးသားပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမားပါတီ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသား တိုးတက်မြင့်မားရေးပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၂ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ထိုအထဲတွင် အမျိုးသမီး လွှတ်တော်အမတ်လောင်း ၄၆ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...