ဇူလုုိင်လမှစတင်၍ ဆွမ်ပရာဘွမ်မြို့နယ် မလိယန်ကျေးရွာအနီး အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ဘွမ်ကရာဘွမ်မြို့နယ် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ ထွက်ပြေး တိမ်းရှောင်ခဲ့ရသော မဒွတ်ယန် ဒုက္ခသည်စခန်းမှ ဒုုက္ခသည် ၂၀၅ ဦး အတွက် အရေးပေါ် ဆေးဝါးကုုသရန် လိုအပ်နေသည်ဟုု သူက မဇ္ဈိမသို့ ပြောသည်။
“အဲဒီမှာ စလန်ယန်နဲ့ မဒွတ်ယန် စစ်ရှောင်စခန်း ၂ ခုပဲ ရှိတယ်။ မဒွတ်ယန်စခန်းမှာက ၂၀၅ ယောက်က အိပ်ယာမှာ ဘုုန်းဘုုန်းလဲပြီးမှ ဖျားနေကြတယ်။ သွေးလွန်တုတ်ကွေးနဲ့ တူတယ်။ ချောင်းဆုုိး၊ ကိုက်ခဲ မထိုင်နိုင် ဖြစ်နေကြတယ်တဲ့။ စလန်းယန်စခန်းမှာက ဘာမှ မဖြစ်ဘူးလုုိ့ သိရတယ်”ဟု ဆရာလမာယော်က ပြောသည်။
“လောလောဆယ် ဆေးဝါးပြတ်လတ်နေတယ်။ ကေအုုိ်င်အေဘက်က ကျန်းမာရေးဌာနတော့ ရှိတယ်။ ဒါပေမဲ့ ဆေးဝါး လုံးဝပြတ်လပ်သွားတဲ့ အခါကြတော့ ဘယ်လုုိမှ မတတ်နိုင်တဲ့ အခြေအနေ ရောက်နေ တယ်တဲ့။ ကျွန်တော်တို့ ကေဘီစီကနေ ဆေးဝါးနဲ့ အာဟာရ ပံ့ပုုိးကူညီရန်အတွက် အစီအစဉ်ရှိပါတယ်”ဟု သူက ပြောသည်။
ဆွမ်ဘရာဘွမ်မြို့နယ် စခန်းဇွတ်ကျေးရွာမှ ၄ မုုိင်ကျော်အကွာအဝေးရှိ မဒွတ်ယန် စစ်ပြေးဒုုက္ခသည်ခန်းတွင် တုုိက်ပွဲကြောင့် ကျေးရွာ ၅ ရွာမှ စစ်ပြေးဒုုက္ခသည် လူဦးရေ ၈၀၀ ခန့် ခုုိလှုံနေပြီး အခြား စလန်ယန်ဒုုက္ခသည်စခန်းတွင် ကျန်းမာရေးဆုုိးဝါးခြင်း မရှိသေးကြောင်း သူက ပြောသည်။
“ရွာသားတွေက တောတောင်တွေမှာဘဲ ထွက်ပြေးတိမ်းရှောင်နေရတယ် ဆိုတော့ အာဟာရ လုံုလုံုလောက်လောက် မရရှိတာရော ပါမယ်။ အနီးပတ်ဝန်းကျင်ရဲ့ စုုိထုုိင်းစတွေကြောင့်နဲ့ ခြင်တွေ ကုုိက်တဲ့အတွက်ကြောင့် ဖြစ်ကြတာဘဲလုုိ့ ထင်တယ်”ဟုု ဆရာလမာယော်က ပြောသည်။
ဆွမ်ပရာဘွမ်က ဒုက္ခသည်များအတွက် KBC က ဆေးဝါးနှင့် ရိက္ခာများကုုိ သွားရောက် ပုုိ့ပေးရန် စီစဉ်နေပြီ ဖြစ်ကြောင်း သူက ပြောသည်။ သို့သော် သွားရောက်ထောက်ပံ့နိုင် ရန်အတွက် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)သို့ ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း လုံုခြံုရေးတာဝန်မယူဟုဆို၍ ယနေ့ချိန်ထိ သွားရောက်ခွင့် မရသေးပေ။
အဆိုပါ စစ်ပြေးဒုုက္ခသည်များအတွက် ကချင်လူမှုအဖွဲ့အစည်းများနှင့် ဘာသာရေးအသင်းအဖွဲ့များက သွားရောက် ကူညီထောက်ပံ့မှုများ ရှိခဲ့သဖြင့် ယခုု အောက်တိုဘာလကုုန်သည့် စားနပ်ရိက္ခာ လုံုလောက်မှု ရှိသည်ဟု ဆရာလမာယော်က ပြောသည်။
“လူမှုအဖွဲ့အစည်းတွေရော သူတို့ တိုက်ရိုက်မသွားနိုင်သည့်တိုင်အောင် ဓမ္မအမှုတော်ဆောင်တွေ ရှိတယ်။ သူတိုု့ကနေတဆင့် လှူဒါန်ပံ့ပုုိးနေတယ်လုုိ့ ကြားရတယ်။ အစုုိးရက ခွင့်မပြုသေးဘူး။ ခုုိးချောင်ခုုိးဝှက်နဲ့ သွားရမှာပါ”ဟု သူက ပြောသည်။
ပြီးခဲ့သည့် ဇူလုုိင်လအတွင်းက ဆွမ်ပရာဘွမ်မြို့နယ် မလိယန်ကျေးရွာအနီး အစုုိးရစစ်တပ်နှင့် KIA ၏ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ရ တပ်ဖွဲ့ ထိန်းချုပ်နေရာအနီး တုုိက်ပွဲ ဖြစ်ပွားခဲ့သဖြင့် ကျေးရွာ ရ ရွာမှ စစ်ပြေးဒုုက္ခသည် စုစုပေါင်း ၁၄၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်း ဖြစ်သည်။
လတ်တလော ဆွမ်ပရာဘွမ်မြို့နယ်တွင် အစိုုးရ စစ်တပ်များ ဆုုတ်ခွာသွားမှုများ ရှိသဖြင့် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိတော့သော်လည်း မလိယန်ကျေးရွာအနီးတွင် အစုုိးရ တပ်စခန်း အခြေချထားဆဲဖြစ်၍ ရွာသားများ မိမိနေရပ်သုုိ့ မပြန်လာရဲသေးကြောင်း သူက ဆုုိသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် တစ်နုုိင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်း NCA လက်မှတ်ရေးထုုိးနုုိင်ရန် အစုုိးရနှင့် တွေ့ဆုံုဆွေးနွေးမှုများတွင် ပါဝင်နေသော်လည်း တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများ အားလုံုး ပါဝင်လက်မှတ်ရေးထုုိးနုုိင်ခြင်း မရှိသဖြင့် လက်မှတ်ရေးထုုိးခြင်း မရှိသေးပေ။







