ဖိအားပေး ထိုးစစ်ဆင်မှုများ မလုပ်မှသာ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ဖြစ်မည်ဟု ကချင် ဒီမိုကရက်တစ်ပါတီပြော

ဖိအားပေး ထိုးစစ်ဆင်မှုများ မလုပ်မှသာ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ဖြစ်မည်ဟု ကချင် ဒီမိုကရက်တစ်ပါတီပြော
by -
မဇ္ဈိမ
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ အောက်တိုဘာ ၁၅ ရက်နေ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးပြီးဖြစ်ရာ ဖိအားပေးမှုများ မရှိမှသာ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ဖြစ်လာမည်ဟု ကချင် ဒီမိုကရက်တစ်ပါတီက သဘောထား ထုတ်ပြန်သည်။

“မြန်မာ့ တပ်မတော်သည် တိုင်းရင်းသား ဒေသများတွင် စစ်အင်အားသုံး အလုံးအရင်းဖြင့် ဖိအားပေး ခြင်းနှင့် ပစ်ခတ်တိုက်ခိုက် ထိုးစစ်ဆင်ခြင်းသည် စစ်မှန်ပြီး ရေရှည်တည်တံ့ ခိုင်မြဲသော အပစ်အခတ် ရပ်စဲရေး ရရှိမည်မဟုတ်ပါ”ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်တွင်းစစ်၏ ဆိုးကျိုးများအဖြစ် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ဒေသများ ရှိနေသည်က မီးမောင်း ထိုးပြနေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၂ ရက် ထုတ်ပြန်သော ကြေညာချက်အရ ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲ မကျင်းပမည့် ကျေးရွာပေါင်း ၂၀၀ ကျော် ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုသို့ ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းသည် ပြည်တွင်းစစ်၏ ဘေးထွက်ဆိုးကျိုး တစ်ရပ်ဖြစ်သည်”ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အောက်တိုဘာ ၁၅ ရက် အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် လက်မှတ်ရေးထိုးသည် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၈ ဖွဲ့ လက်မှတ်ရေးထိုးခဲ့ရာ အားလုံးပါဝင် လက်မှတ်ရေးထိုးမှသာ စစ်မှန်သည့် အပစ်အခတ် ရပ်စဲရေး စာချုပ် ဖြစ်မည်ဟုလည်း သတိပေးထားသည်။

“တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် သက်ဆိုင်သူ အားလုံး ပါဝင် လက်မှတ်ထိုးမှသာလျှင် စစ်မှန်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော အပစ်အခတ် ရပ်စဲရေး ရရှိမည် ဖြစ်သည်”ဟု အောက်တိုဘာ ၁၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ကချင် ဒီမိုကရက်တစ်ပါတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...