နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သင်တန်းသား ၅ဦး အိန္ဒိယတွင် ရေအရင်းမြစ်ထိန်းသိမ်းမှု နည်းပညာရပ်များ သွားရောက်သင်ကြားမည်

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သင်တန်းသား ၅ဦး အိန္ဒိယတွင် ရေအရင်းမြစ်ထိန်းသိမ်းမှု နည်းပညာရပ်များ သွားရောက်သင်ကြားမည်
by -
မဇ္ဈိမ
ရေအရင်းမြစ် စီမံခန့်ခွဲမှု၊ ရေအရင်းမြစ်ထိန်းသိမ်းမှု နည်းပညာရပ်များ သင်ကြားရန် အိန္ဒိယသံရုံးက ကမ်းလှမ်းမှုဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ သင်တန်းသား ၅ဦးသည် အောက်တိုဘာ ၁၇ရက်နေ့၌ အိန္ဒိယနိုင်ငံသို့ စတင်သွားရောက်ပြီး ၅ရက်ကြာ သင်ကြားတက်ရောက်မည် ဖြစ်သည်။

ထိုသို့ ရေအရင်းမြစ် ထိန်းသိမ်းမှု နည်းပညာရပ်များ သင်ကြားရန် အတွက် အိန္ဒိယ သံအမတ်မှ  နာရေးကူညီမှုအသင်း(ရန်ကုန်)ကို ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက "အိန္ဒိယ သံအမတ် ကမ်းလှမ်းမှုနဲ့ မြန်မာနိုင်ငံမှာ ရေဘေး ဒုက္ခဖြစ်တာ ရေဘေး ဒုက္ခ ဖြစ်တာထက် ရေရှားပါးမှုအတွက် ရေနောက်ကနေ ရေသန့် ဖြစ်အောင် နည်းပညာတွေ သင်ပေးဖို့ ကျွန်တော်တို့ အသင်းက ၅ယောက်ကို အိန္ဒိယကို စေလွှတ်ပြီး သင်ကြားပေးဖို့အတွက် သံအမတ်ကြီးကို လာရောက် တွေ့ဆုံတာပါ။ ပိုပြီးတော့ လုပ်ပိုင်ဖို့ အခွင့်အရေး ရလာမယ် နည်းစနစ်တွေ သိလာမယ်။ ဒါတိုင်းပြည်အတွက် ပြည်သူပြည်သားအတွက် အကျိုးရှိမယ့် အလုပ်ဆို ကျွန်တော်တို့က သွားဖို့က အသင့်ပဲ"ဟု ပြောသည်။

အဆိုပါ တွေ့ဆုံမှုတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ နှင့်အတူ အိန္ဒိယ သံအမတ် Gautam Mukhopadhaya တို့သည် ရေအရင်းမြစ် နှင့် ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာကို ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယနိုင်ငံ၏ နာမည်ကြီး သရွန်းဘားတားဆန်း (TBS)ဟု ခေါ်သည့် အဖွဲ့အစည်းမှ ဥက္ကဋ္ဌက မစ္စတာ ရာဂျစ်သရန်ဆင်းမှ သင်ကြားပေးမည် ဖြစ်သည်။ TBS မှ အိန္ဒိယတွင် ရေကို ဘယ်လို ထိန်းသိမ်းမယ်၊ ရေဝေကြောတွေ ဘယ်လို ထုတ်ယူမည် ဆိုတာတွေကို ပြုလုပ်လျက် ရှိသည့် အဖွဲကအစည်း တစ်ခု ဖြစ်သည်။

အိန္ဒိယသံရုံး၏ First Secretary Development Cooperation မှ Dr. Neil Jain က "ကျနော်တို့ TBS နဲ့ ညှိနှိုင်းကြည့်တဲ့အခါ TBS ကလည်း FFSSက စေတနာ့ဝန်ထမ်းတွေကို လေးရက်တာ သင်ကြားပေး ဖို့ ဝမ်းမြောက် ဝမ်းသာ လက်ခံပါတယ်။ အိန္ဒိယကိုသွားမယ့် သူတို့အနေနဲ့ အဲဒီက အခြေအနေကို နားလည်ဖို့ လိုတယ်။ ရေဝေကြောတွေ ဘယ်လိုထုတ်ယူနေတယ်ဆိုတာကို သိဖို့လိုတယ်။ ရေကို ဘယ်လိုထိန်းသိမ်းနေတယ်ဆိုတာ သိဖို့လိုတယ်။ ကြီးကြီးမားမား မရင်းနှီးဘဲ အစိုးရရဲ့အထောက်အပံ့ မပါဘဲ ရပ်ကျေးမြို့နယ်အဆင့်မှာ ရေကို ဘယ်လိုရိုးရိုးရှင်းရှင်းထုတ်ယူနေတယ်ဆိုတာကို နားလည်ဖို့ လိုတယ်။ အိန္ဒိယ ဘယ်လိုအလုပ်လုပ်နေတယ်ဆိုတာတွေ သိလာမယ်။ ဒါမှ အနာဂတ်မှာ ပူးပေါင်း ဆောင်ရွက် လာနိုင်မယ်။ အခြားကဏ္ဍတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍမှာလည်း ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။ သင်တန်းကြေး နေထိုင်စရိတ် အစိုးရပဲ အပြည့်အဝထောက်ပံ့ပေးမှာ ပါ"ဟု ပြောသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) မှ သင်တန်းသား ၅ဦး အိန္ဒိယနိုင်ငံသို့ အောက်တိုဘာ ၁၇ရက်နေ့တွင် စတင် သွားရောက်မည်ဖြစ်ပြီး ၅ရက်ကြာမြင့်မည် ဖြစ်သည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...