အင်န်စီအေလုပ်ငန်းစဉ် အပြီးသတ် ဆွေးနွေးဆုံုးဖြတ်ရန် တုုိင်းရင်းသား လက်နက်ကုုိင်များ၏ ထိပ်သီး အစည်းအဝေး ကျင်းပ

အင်န်စီအေလုပ်ငန်းစဉ် အပြီးသတ် ဆွေးနွေးဆုံုးဖြတ်ရန် တုုိင်းရင်းသား လက်နက်ကုုိင်များ၏ ထိပ်သီး အစည်းအဝေး ကျင်းပ
by -
မဇ္ဈိမ
တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း(NCA) အပြီးသတ် ဆွေးနွေးဆုံုးဖြတ်ရန် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေးကုုိ ထုုိင်းနိုုင်ငံ ချင်းမုုိင်မြို့ရှိ The Park ဟုုိတယ်တွင် ကျင်းပနေပြီ ဖြစ်သည်။

တုုိင်းရင်းသား လက််နက်ကုုိင် တော်လှန်ရေး အဖွဲ့အစည်းပေါင်း ၁၈ ဖွဲ့မှ ကုုိယ်စားလှယ်များ စုုစုုပေါင်း ၁၀၀ ကျော် တက်ရောက်လျက်ရှိသည်။ အစည်းအဝေး ပထမနေ့တွင် သဘာပတိအဖြစ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)မှ ဒုုဥက္ကဋ္ဌ ဗုုိလ်ချုပ် အင်ဘန်လ၊ PNLO မှ ဦးခွန်မြင့်ထွန်းနှင့် ALP မှ ခုုိင်စုုိးနုုိင်အောင်တိုု့က ဆောင်ရွက်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်က တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ခေါင်းဆောင်များက သမ္မတနှင့် တွေ့ဆုံုညှိနှိုင်းခဲ့သော ရလဒ်များကုုိ စက်တင်ဘာလ ၂၈ ရက် အစည်းအဝေး ပထမနေ့တွင် အစီရင်ခံမည်ဖြစ်ကြောင်း သိရသည်။

ထုုိ့အပြင် NCA နှင့် ပတ်သက်သည့် လုုပ်ငန်းစဉ်များဆွေးနွေးညှိနှိုင်းမည်ဖြစ်ပြီး လက်ရှိ တုုိင်းရင်းသား နယ်မြေ အသီးသီးအတွင်း စစ်ရေး၊ နုုိင်ငံရေး ဖြစ်ပေါ်မှုများကုုိ အကျေအလည်ဆွေးနွေး မည်ဖြစ်ကြောင်း ယနေ့ အစည်းအဝေး ထုုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တုုိင်းရင်းသား လက်နက်ကုုိင် တစ်ဖွဲ့ချင်း၏ သဘောထားများ ရယူ၍ တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေး အကောင်အထည် ဖော်နုုိင်ရန်နှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးကုုိ တည်ဆောက်နုုိင်မည့် ဆုံုးဖြတ်ချက် များချမှတ် သွားနိုင်ရန် ဆွေးနွေးညှိနှိုင်းကြမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...