ဒီမိုကရေစီနိုင်ငံရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရွေးကောက်ပွဲမှတဆင့် NLD က ပြောင်းလဲမည်ဟု ထုတ်ပြန်

ဒီမိုကရေစီနိုင်ငံရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရွေးကောက်ပွဲမှတဆင့် NLD က ပြောင်းလဲမည်ဟု ထုတ်ပြန်
by -
မဇ္ဈိမ
မြန်မာနိုင်ငံဒီမိုကရေစီနိုင်ငံရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ၂၀၁၅ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှ တဆင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြောင်းလဲမည်ဟု စက်တင်ဘာ ၂၇ရက်နေ့တွင် NLD က ထုတ်ပြန်သည်။

စက်တင်ဘာ ၂၇ ရက်နေ့သည် NLD ပါတီ တည်ထောင်သည့် ၂၇နှစ်ပြည့်သည့် အချိန်လည်း ဖြစ်သည်။ ယင်း ၂၇နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပါတီကဆောင်ရွက်မည့် သဘောထားများကို ထုတ်ပြန်ခြင်းလည်း ဖြစ်သည်။

“လွန်ခဲ့တဲ ၂၇နှစ်အတွင်း အန္တရာယ်အခက်အခဲမျိုးစုံနဲ့ ကြံုတွေရပေမယ့် လုံးဝ လက်မလွှတ်ခဲ့ပါ။ ၂၀၁၀ က စပြီး ကျွန်မတို့အဖွဲ့ချုပ်က ဒုတိယပင်လုံညီလာခံကျင်းပရေးကို ဦးတည်ခဲ့တာဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ၂၇နှစ်ပြည့်အထိမ်းအမှတ်စကားကို ထုတ်ပြန်ချက်အတွင်း ထည့်သွင်းထားသည်။

ယင်းအပြင် NLD ကစစ်မှန်သည့်နိုင်ငံရေးအပြောင်းအလဲကို ပေါင်းစည်းဖြည့်စည်းသောအားဖြင့် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ ကိုလည်း အဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရရှိမည်ဟု သန္နိဌာန် ချမှတ်ကာ ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ချက်က ဆိုထားသည်။

စက်တင်ဘာ ၂၁ရက်နေ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံပိုင်ရုပ်မြင်သံကြားမှ မဲဆွယ် စည်းရုံး ဟောပြောရာတွင်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းများ၊ နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းများကို ပြည်သူတို့က ၂၀၁၅ရွေးကောက်ပွဲမှ တဆင့်တာဝန်ပေးအပ်ပါက ထမ်းဆောင်လိုသည်ဟု ပြောဆိုထားသည်။

NLD က တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်းလုံ့ခြံုစွာ လက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေး၊ ပြည်သူများအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ်တစ်ရပ် ပေါ်ပေါက်လာရေး၊ လွတ်လပ်လုံခြံုစွာ ဖွံ့ဖြိုးတိုးတက်ရေး ဟူသည့် ရည်မှန်းချက်မျာကိုလည်း ၎င်းတို့၏ ရွေးကောက်ပွဲကြေငြာစာတမ်းဖြင့် အသိပေးထားသည်။

NLD သည် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကို လွှတ်တော်နေရာပေါင်း ၁၁၃၅ နေရာအထိ ဝင်ရောက်ယှဉ်ပြိုင်သည့် အတိုက်အခံ ပါတီတစ်ခု ဖြစ်သည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...