ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတိုးတက်၊ နိုင်ငံခြားအကူအညီများနှင့် အတိုးနည်းချေးငွေများဖြင့် နိုင်ငံတည်ဆောက်နေ

ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတိုးတက်၊ နိုင်ငံခြားအကူအညီများနှင့် အတိုးနည်းချေးငွေများဖြင့် နိုင်ငံတည်ဆောက်နေ
by -
မဇ္ဈိမ
မြန်မာနိုင်ငံ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တစတစ တိုးတက်လာနေပြီး၊ နိုင်ငံခြားအကူအညီများ၊ အတိုးနည်းချေးငွေများဖြင့် နိုင်ငံတည်ဆောက်နေသည်ဟု သမ္မတဦးသိန်းစိန်က စက်တင်ဘာ ၂၄ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီအစည်းအဝေး၌ ပြောကြားသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ ယနေ့အထိ နိုင်ငံခြားရင်းနှီးမြှုုုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံကျော်ရှိသည်ဟု သမ္မတဦးသိန်းစိန်က ယင်းအစည်းအဝေးတွင် ပြောဆိုခဲ့ပြီး ပမာဏအားဖြင့် ရင်းနှီးမြှုုုပ်နှံမှု၏ ၃၃ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

ပြည်တွင်းရင်းနှီးမြှုုုပ်နှံမှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ယနေ့အထိ နိုင်ငံသားရင်းနှီးမြှုုုပ်နှံမှု ပမာဏ ကျပ် ၃၈ တြီလီယံကျော်ရှိပြီး ရင်းနှီးမြှုုုပ်နှံမှုပမာဏ၏ ၆၇ ရာခိုင်နှုန်းရှိ သည်ဟု ပြုပြင်ပြောင်းလဲရေး ဦးဆောင် ကော်မတီဥက္ကဋ္ဌ သမ္မတ ဦးသိန်းစိန်က ပြောသည်။

၎င်းအစည်းအဝေးသို့ ဒုတိယ သမ္မတများဖြစ်သည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

နိုင်ငံတကာအဖွဲ့အစည်းများမှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၁၃ ဘီလီယံ ရခဲ့ပြီး လက်ရှိတွင် ၂ ဒသမ ၀၇၃ ဘီလီယံ အသုံးပြုနေပြီဟု သမ္မတက ပြောသည်။

တိုင်းပြည်တိုးတက်ရန် နိုင်ငံတကာမှ အတိုးနှုန်း သက်သာသော ချေးငွေများနှင့် အခြေခံ အဆောက်အဦး Infrastructure များ တည်ဆောက်ရသဖြင့် နိုင်ငံခြားချေးငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ရ၅၃ ဘီလီယံ ရယူခဲ့ပြီး လက်ရှိတွင် ၁ ဒသမ ၅၀၆ ဘီလီယံ သုံးစွဲဆောင်ရွက်နေသည်ဟုလည်း သမ္မတက ဆိုသည်။

မြို့ရွာများ စနစ်တကျ တိုးတက်စေရန် မြို့နယ်ဖွံ့ဖြိုးရေးစီမံချက်များရေးဆွဲပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နေပြီး လူဦးရေ (၁) သိန်းအထက် မြို့ကြီးများအတွက် စီမံချက်များ ရေးဆွဲပြီးဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

Affordable Housing၊ Rental Housing အိမ်ရာများကို တိုင်းနှင့် ပြည်နယ်အနှံ့ ငွေကျပ် ၄၆ ဘီလီယံ အကုန်အကျခံ၍ ဖော်ထုတ်ပေးနေပြီး မြို့ရွာများတွင် ဂရန်များပေးရန် စတင်နေပြီဟု သိရသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...