စက်တင်ဘာလ ၂၄ ရက်က တရားခွင်သုုိ့ ထုုိင်းလူ့အခွင့်အရေးအဖဖွဲ့၊ ထိုင်းရှေ့နေများကောင်စီမှ ကုုိယ်စားလှယ် နှစ်ဦးနှင့် ဆူရတ်ဌာနီမှ မြန်မာလုပ်သား တစ်ဦးတို့ကို စစ်ဆေးခဲ့သည်။
“သူတို့ကတော့ တရားခံတွေနဲ့ ပတ်သက်လုုိ့ ကွင်းဆင်းစစ်ဆေးတဲ့အခါမှာ နှိ်ပ်စက်ခံရပါတယ် ဆိုတာကို တင်ပြတာပါ။ ရှေ့နေများကောင်စီက ကိုယ်စားလှယ်ကလည်း တုုိင်ကြားစာကုုိ မူတည်ပြီးတော့ စစ်ဆေးတဲ့ အခါမှာ အမှန်အကန်ဖြစ်တယ်ဆုုိပြီးတော့ ဒီတရားခွင်ကို ဒီကလေးတွေရဲ့ ဖြောင့်ချက်က တရားမဝင်ဘူး။ နှိပ်စက်ခံရလို့ပါဆုုိပြီးတော့ ထွက်ဆုုိသွားတာပါ”ဟုု ဦးအောင်မျိုးသန့်က ပြောသည်။
မြန်မာအလုုပ်သမား တစ်ဦးကလည်း ကိုဝင်းဇော်ထွန်း ဆူရတ်ဌာနီကုုိ ရောက်လာခြင်းသည် အလုပ်လုပ်ရန် ရောက်လာခြင်းဖြစ်ပြီး တရားလိုဘက်မှ စွပ်စွဲထားသည့်အတိုင်း လူသတ်မှုကျူးလွန်၍ ထွက်ပြေးလာခြင်း မဟုုတ်ကြောင်း ထွက်ဆုုိခဲ့သည်ဟုု သဆိုသည်။
ယင်းအပြင် အသက်အန္တရာယ်ကုုိ ခြိမ်းခြောက်မှုနှင့် နှိပ်စက် ရိုက်နှက်ခံရသည်ကို မခံနုုိင်တော့၍ နောက်ဆုံုး ဝန်ခံခဲ့ရသည်ဟုု လူသတ်မှုဖြင့် ဖမ်းဆီးခံထားရသူ ကုုိဇော်လင်းက စက်တင်ဘာလ ၂ ရက်က ကော့စမွေတရားရုံုးတွင် ထွက်ဆုုိထားကြောင်း ထိုင်းရဲတပ်ဖွဲ့မှ ဘာသာပြန် ကိုကမာက ဆိုသည်။
တရားလုုိ ထုုိင်းရဲတပ်ဖွဲ့ဘက်က သက်သေအဖြစ် လူပေါင်း ၃၆ ဦးကို စစ်ဆေးခဲ့ပြီးနောက် စက်တင်ဘာလ ၁၁ ရက်မှ ယနေ့ထိ စစ်ဆေးခဲ့သူပေါင်း ၈ ဦးကို တရားရုံးတွင် စစ်ဆေးခဲ့သည်။ တရားခံပြသက်သေအဖြစ် ထွက်ဆုုိရန်လည်း ၃၁ဦးကို တရားခွင်သုုိ့ တင်ပြထားသည်ဟုု သိရသည်။
မြန်မာသံရုံးအဖွဲ့မှ ဒုတိယ သံအမတ် ဦးထွန်းအေး၊ ဘာသာပြန် ဦးအောင်စုုိး၊ ဆရာမ ဒေါ်သူဇာနွယ်တုုိ့ကုုိလည်း စက်တင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်များတွင် စစ်ဆေးသွားမည်ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
၂၀၁၄ ခုုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ဗြိတိန်နုုိင်ငံသား ဟန်နာ ဝစ်သာရစ်နှင့် ဒေးဗစ်မေလာတို့ လိပ်ကျွန်းကမ်းခြေတွင် အသတ်ခံရမှု၌ မြန်မာရွှေ့ပြောင်းအလုုပ်သမား ကုုိဇော်လင်းနှင့် ကုုိဝင်းဇော်ထွန်းတုုိ့ကုုိ ထုုိင်းရဲတပ်ဖွဲ့က တရားလုုိ ပြုလုုပ်၍ လူသတ်မှုဖြင့် တရားစွဲဆိုုထားခြင်း ဖြစ်သည်။







