NLD ကို မဲမပေးရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်စည်းရုံးမှုက ဆင်ခြင်ဉာဏ်မဲ့ လုပ်ရပ်ဟု NLD အမတ် တုံ့ပြန်

NLD ကို မဲမပေးရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်စည်းရုံးမှုက ဆင်ခြင်ဉာဏ်မဲ့ လုပ်ရပ်ဟု NLD အမတ် တုံ့ပြန်
by -
မဇ္ဈိမ
ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ပါတီသည် အစိုးရအဖွဲ့ကို အကြပ်အတည်းတွေ့အောင် လုပ်သည့်ပါတီဟုဆိုကာ မဲမပေးရန် ပြောဆိုမှုသည် ဆင်ခြင်ဉာဏ်မဲ့ စည်းရုံးမှုသာ ဖြစ်သည်ဟု အင်န်အယ်လ်ဒီ၏ ရေကြည်မြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက မဇ္ဈိမသို့ ပြောသည်။

“ဝန်ကြီးချုပ်ဟာ ကိုယ်စားလှယ်လောင်း ဂုဏ်သိက္ခာမဲ့၊ ပညာမဲ့၊ ဆင်ခြင်ဉာဏ်မဲ့စည်းရုံး မဲဆွယ်တာ၊ ဒီလိုလူတွေ တိုင်းဒေသကြီး အမြင့်ဆုံးနေရာရခဲ့တယ်။ ၅ နှစ် ဘယ်လောက် အန္တရာယ်ကြီးလဲ”ဟု ဒေါက်တာ လှမြတ်သွေးက ပြောသည်။

ဝန်ကြီးချုပ်က စက်တက်ဘာလ ၁၉ရက်နေ့က ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ရွေးကောက်ပွဲ လုံခြံုရေးတွေ့ဆုံပွဲတွင် အင်န်အယ်လ်ဒီကို မဲမပေးရန် တက်ရောက်လာသူများအား ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းပြောကြားချက်ကို ဒေါက်တာလှမြတ်သွေးက “အစိုးရအဖွဲ့ အဆင်မပြေအောင် ဘယ်သူမှလုပ်လို့ မရဘူး။ အစိုးရအဖွဲ့က ပြည်သူ အတွက် အဆင်ပြေအောင် စီစဉ်ပေးနေရင်းပေါ့”ဟု ဖြည့်စွက်ပြော ကြားခဲ့သည်။

“NLDပါတီကို မဲမပေးသင့်ဘူး။ အနောက်အုပ်စုဘပ်သို့ ယိမ်းယိုင်နေတဲ့ပါတီ”ဟုလည်း ဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောကြားခဲ့သည်။

ယင်းအပြင် အင်န်အယ်လ်ဒီ နိုင်ပါက စစ်ပွဲများ ဖြစ်လာနိုင်ကြောင်း၊ နိုင်ငံခြာင်းသား နှင့် သွေးသား တော်မှုရှိသည့် ခေါင်းဆောင်ဖြစ်နေ၍ မဲမပေးသင့်ကြောင်း ပြောဆိုခဲ့ကြောင်း မီဒီယာများက ဖော်ပြကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၆၆တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဉ်ီးရွေးကောက်တင်မြှောက်ခံရရေး အတွက် မဲဆွယ်ရာတွင် ပါတီ တစ်ခုခုကို ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦးကို ဖြစ်စေ အကြမ်းဖက်ခြင်း၊ မမှန်မကန်စွပ်စွဲခြင်း၊ ရေးသားခြင်း၊ အများပြည်သူ ဆူပူမှုဖြစ်အောင် ဖန်းတီးခြင်းတို့သည့် တရားမဲ့ပြုကျင့်မှုများဖြစ်ကြောင်း ထည့်သွင်းရေးဆွဲထားသည်။

လူမျိုးရေးကို ဖြစ်စေ၊ ဘာသာရေးကို ဖြစ်စေ အကြောင်းပြ၍ ဆန္ဒမဲ ပေးရန်သော်လည်းကောင်း၊ မပေးရန်သော်လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ခြင်း (သို့မဟုတ်) ယင်းသို့ ပြုလုပ်ရန် အားပေးလှု့ံဆော်ခြင်းကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ဒဏ်ငွေဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွင် ပါရှိသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...