မန်စီတွင် တိုက်ပွဲပြင်းထန်နေ၍ စစ်ပြေးဒုက္ခသည် ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

မန်စီတွင် တိုက်ပွဲပြင်းထန်နေ၍ စစ်ပြေးဒုက္ခသည် ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
by -
မဇ္ဈိမ
ကချင်ပြည်နယ် ဗန်းမော်ခရုုိင် မန်စီမြို့နယ်အတွင်း တုုိက်ပွဲများ ဖြစ်ပွားနေသဖြင့် ကျေးရွာ ၅ ရွာမှ ရွာသား ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မုုိင်းခေါင်း ဒုုက္ခသည်စခန်းတာဝန်ခံ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)က ဓမ္မဆရာ ဒမောင်နော်က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နှင့် ၂၇ နယ်မြေ မန်စီမြို့နယ် လိုင်ကာဇွပ်ဂျာ ကျေးရွာအနီး တုုိက်ပွဲဖြစ်ပွားလာသဖြင့် လုုိင်ကာဇွပ်ဂျာ (laika zup Ja)၊ မုုန်းလူ(Mung lu)၊ ဂျေဆောင်(Jesawn)နှင့် ဖဂါရိုင်(Hpaga Rai)၊ ကုန်းခါးပါ စသည့် ကျေးရွာများမှ အိမ်ထောင်စု ၆၂ ခုု ရွာသား ၂၀၆ ဦးတုုိ့သည် စက်တင်ဘာလ ၂၀ ရက်မှစ၍ မုုိင်းခေါင် ဒုုက္ခသည်စခန်းသုုိ့ ထွက်ပြေးလာခြင်း ဖြစ်သည်။

“၂၀ ရက်က ကျနော်တုုိ့သွားခေါ်ယူခဲ့တယ်။ တုုိက်ပွဲဖြစ်လာတော့ KIA အစုုိးရနဲ့ ညှိနှိုင်းပြီးတော့ တောလမ်းကနေ ခေါ်ယူခဲ့တာ။ ၂၂ ဦးက ထပ်ခေါ်ရဦးမယ်။ သူတုုိ့က ရွာထဲမှာပဲ ရှိနေသေးတယ်”ဟုု ဆရာဒမောင်နော်က မဇ္ဈိမသို့ ပြောသည်။

မုုိင်းခေါင် ဒုုက္ခသည်စခန်းတွင် မူလက စစ်ပြေးဒုုက္ခသည် ၁၀၀၀ ကျော်ရှိရာမှ လက်ရှိ စစ်ပြေးဒုုက္ခသည် ၂၀၆ ဦး အပါအဝင် စုုစုုပေါင်း ၁၃၀၀ ကျော်အား KBC ကူညီစောင့်ရှောက်ပေးနေရသည်ဟုု သူက ပြောသည်။

လက်ရှိတွင် စစ်ပြေးဒုက္ခသည်များ နေရာထိုင်ခင်း နှင့် အစားအသောက်များ အခက်အခဲ ရှိနေသည်ဟုု ဆရာဒမောင်နော်က ဆက်လက် ပြောဆုုိသည်။

“WFP ကုုိ ထပ်အကူအညီတောင်းဦးမယ်။ နေရာက ဘာသာရေးက နေအိမ်တွေမှာ။ ဟောခန်းတွေ၊ စတိတ်စင်တွေမှာ နေခုုိင်းထားတယ်။ အစားအသောက်အတွက် ငွေရေးကြေးရေးတွေ လုုိအပ်နေတယ်”ဟု ၎င်းက ပြောသည်။

စက်တင်ဘာလ ၂၂ ရက်ထိ KIA ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နှင့် ၂၇ နယ်မြေ များတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ တိုက်ပွဲပြင်းထန်နေသဖြင့် ရွာသားများသည် စက်တင်ဘာလ ၂၀ရက်နေ့ကစပြီး ထွက်ပြေးတိမ်းရှောင်သွားပြီဟု တပ်ရင်း ၁၂ တပ်ရင်းမှူး ဗုုိလ်မှူး ဂျွန်းအောင်က ပြောသည်။

“ဒီမနက်က မုုိင်းခေါင်ရွာနားမှာ ဗုံုးပေါက်ကွဲပြီးတော့ မွန်းလွဲပုုိင်းကနေ လုုိင်ကာဇွပ်ဂျာရွာအနီးမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီးတော့ တိုက်ပွဲ ဖြစ်နေတယ်။ ၆ ယောက် ထိတယ်ပြောတယ်။ ကျနော်တိုု့ ဗုံုးထောင်ထားတာ နင်းမိတယ်ထင်တယ်။ ရွာသားတွေက အစုုိးရ စစ်တပ်က ထုုိးစစ်ဆင်လာ ကတည်းက ထွက်ပြေးသွားပြီ”ဟုု သူက မဇ္ဈိမသို့ ပြောသည်။

ထုုိက်ပွဲဖြစ်ပွားနေသော စက်တင်ဘာလ ၂၂ ရက် နံနက်ပုုိင်းက မန်စိမြို့နယ် မုုိင်းခေါင်ကျေးရွာအနီး ဗုံုးပေါက်ကွဲမှုတွင် မြန်မာအစုုိးရ စစ်တပ်ဘက်မှ ၃ ဦး ကျဆုံုးကာ ၃ ဦးဒဏ်ရာရမှု ရှိခဲ့သည်ဟုု သူက ဆိုသည်။

KIA တပ်ရင်း ၁၂ နယ်မြေအတွင်း အစုုိးရ စစ်တပ်တုုိ့ ထုုိးစစ်ဆင်လာသဖြင့် စက်တင်ဘာလ ၁၅ ရက်မှစတင်၍ တုုိက်ပွဲထပ်မံဖြစ်ပွားလာကာ ယနေ့ထိ တိုက်ပွဲဆက်လက် ဖြစ်ပွားနေခြင်းဖြစ်သည်။

KIA ထိန်းချုပ်နယ်မြေအတွင်း စစ်ပြေးဒုုက္ခသည်ပေါင်း ၈၀,၀၀၀ ကျော်ရှိနေပြီး အစိုးရ ထိန်းချုပ်ရာ နယ်မြေအတွင်း စစ်ပြေးဒုုက္ခသည်ပေါင်း ၄၀,၀၀၀ ကျော်ရှိနေကာ စုုစုုပေါင်း ၁၂၀,၀၀၀ ကျော် ရှိနေသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...