ငြိမ်းချမ်းရေးဆွေးနွေးရန် စက်တင်ဘာလ ၁၈ ရက်က MPCမှ ဦးညိုအုုန်းမြင့်က ယခုုလမကုုန်မီ နှစ်ဖက် ကုုိယ်စားလှယ်များ တွေ့ဆုံုရန် ဖုုန်းဖြင့် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
“ကျနော်တုုိ့တက်ဖုုိ့ အခက်အခဲရှိပါတယ်။ တုုိက်ပွဲတွေ ဖြစ်နေတဲ့အချိန်မှာ ရန်ကုုန်၊ နေပြည်တော် သွားဖုုိ့ဆုုိတာ မဖြစ်နုုိင်သေးပါဘူး”ဟုု ဗုုိလ်မှူးကြီး တာဘုုန်းကျော်က မဇ္ဈိမသို့ ပြောသည်။
PSLF ဗဟုုိဌာနချုပ်တွင် ဗဟုုိကော်မတီ အစည်းအဝေးတွင် စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်၍ ကျင်းပနေကာ အစုုိးရနှင့် တွေ့ဆုံု၊ မတွေ့ဆုံရေး ဆုံုးဖြတ်ကာ တွေ့ဆုံုဆွေးနွေးမည့် ရက်သတ်မှတ်ရေး ညှိနှိုင်းနေသည်ဟုု သူက ပြောသည်။
ဗဟုုိကော်မတီ အစည်းအဝေး ကျင်းပနေဆဲ ဖြစ်ပြီး “ကျနော်တုုိ့အဖွဲ့အစည်း လုုပ်ငန်းစဉ်တွေပါပဲ။ အန်စီအေ လက်မှတ်ထုုိးမထုုိးက နဂုုိကတည်းက ပြောထားပြီ အားလုံုးပါဝင်မှသာလျှင် လက်မှတ်ထုုိး နုုိင်မယ်။ ဒီအတုုိင်း မဟုုတ်ဘူးဆုုိရင်တော့ ထုုိးနုုိင်မှာ မဟုုတ်ပါဘူး”ဟုု သူက ပြောသည်။
“အစုုိးရဘက်ကတွေ့ဖုုိ့ ဖုုန်းနဲ့ကမ်းလှမ်းတာပဲရှိတယ်။ သူတိုု့ကမ်းလှမ်းတဲ့ အချိန်မှာ ကျနော်တိုု့ လောလောဆယ်မှာ မအားသေးလုုိ့ မတွေ့နုုိင်သေးဘူး။ အားတဲ့အချိန် တွေ့မယ်၊ မတွေ့ဖြစ်ဘူးဆုုိတာ ကျနော်တိုု့ အကြောင်းပြန်မယ်”ဟုု တာဘုုန်းကျော်က မဇ္ဈိမသို့ ပြောသည်။
စက်တင်ဘာ ၁၇ ရက်နေ့မှစတင်၍ တုုိက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် မုုိင်းလုံုမြို့နယ်ခွဲ နားမွန်းကျေးရွာအနီးတွင် TNLA နှင့် အစုုိးရ၏ တပ်မ ရ၇ တပ်ဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲ ယနေ့ စက်တင်ဘာလ ၂၀ ရက် ညနေပိုင်းတွင် နာရီဝက်ကြာ တုုိက်ပွဲ ဖြစ်ပွားခဲ့သည်ဟုု သူက ပြောသည်။
“ဒီနေ့ တုုိက်ပွဲတွင် ရှိတယ်။ ဒီနှစ်ရက် သုံုးရက်က ဆက်တုုိက်ဖြစ်တယ်။ မြန်မာအစုုိးရတပ်က ကျနော်တိုု့ နေတဲ့ဘက်ကုုိ တက်လာတော့ တိုက်ပွဲ ဖြစ်တာပဲ”ဟု ဗိုလ်မှူးကြီး တာဘုုန်းကျော်က ပြောသည်။
တအာင်းဒေသအနှံ့တွင် မြန်မာ့တပ်မတော်မှ တပ်အင်အား ထပ်မံဖြည့်တင်း၍ ထုုိးစစ်ဆင်လာပြီး TNLA တပ်များ လှုပ်ရှားသည့်နေရာများသုုိ့ လုုိက်လံ ပိတ်ဆုုိ့ တုုိက်ခုုိက်သဖြင့် တိုုက်ပွဲ ပုုိမုုိပြင်းထန်လာခြင်းဖြစ်သည်ဟုု TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက ထုုတ်ပြန်ထားသည်။
၂၀၁၂ ခုုနှစ် နှစ်ကုုန်ပုုိင်း စတင်၍ ပြည်ထောင်စုု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုုပ်ငန်းကော်မတီ ဒုုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းနှင့် PSLF ကုုိယ်စားလှယ်များ တွေ့ဆုံုဆွေးနွေးခဲ့ပြီးနောက် ၂၀၁၃ ခုုနှစ် ဇူလုုိင်လ ၃၁ ရက်က ရှမ်းပြည်နယ်မြောက်ပုုိင်း မူဆယ်မြို့တွင် ပြည်နယ်အဆင့် နောက်ဆုံုး တွေ့ဆုံုဆွေးနွေးခဲ့သော်လည်း ပဏမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထုုိးနုုိင်ခြင်း မရှိခဲ့ပေ။
၂၀၁၁ ခုုနှစ် နှစ်လယ်ပုုိင်းက သမ္မတ ဦးသိန်းစိန်က PSLF/TNLA အပါအဝင် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ၁၆ ဖွဲ့ကုုိ အပစ်အခတ် ရပ်စဲရန် ဖိတ်ခေါ်မှုတွင် ပါဝင်ခဲ့သော်လည်း တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထုုိးရန်အတွက် အစုုိးရဘက်က တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ၁၅ ဖွဲ့ကုုိ ဖိတ်ခေါ်မှုတွင် မပါဝင်ပေ။
တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထုုိးရေးအတွက် ဆွေးနွေးပြီးနောက် ယခုုရက်ပုုိင်းအတွင်း အစုုိးရ စစ်တပ်ဘက်မှ တအာင်းဒေသ အပါအဝင် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ကုုိးကန့်တပ်မတော် MNDAA နယ်မြေအတွင်း ထုုိးစစ်ဆင်မှုများ ပုုိမုုိလှုပ်ရှားလာသည်ဟုု ဗုုိလ်မှူးကြီး တာဘုုန်းကျော်က ပြောသည်။
လတ်တလော ကချင်ပြည်နယ် မန်စီမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပုုိင်း KIA နှင့် အစုုိးရ စစ်တပ်တုုိ့အကြား တုုိက်ပွဲဖြစ်ပွားနေဆဲ ဖြစ်နေသည်။
မကြာမီက သမ္မတ ဦးသိန်းစိန်သည် ကုုိးကန့်တပ်မတော်ကိစ္စနှင့်ပတ်သက်၍ ကုုိင်တွယ်မည်ကုုိ ပြောဆုုိမှုများ ရှိသော်လည်း ယနေ့ထိ မည်သည့် ကမ်းလှမ်း ပြောဆုုိလာခြင်း မရှိသေးဘဲ ကုုိးကန့်ဒေသတွင် အစုုိးရဘက်မှ လက်နက်ကြီးများ နေ့စဉ် ပစ်ခတ်မှုများ ရှိနေပြီ တုုိက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟုု ကုုိးကန့်တပ်မတော်မှ ပြောရေးဆုုိခွင့်ရှိသူ ဦးထွန်းမြတ်လင်းက မဇ္စျိမသို့ ပြောသည်။







