ဒီမိုကရေစီနိုင်ငံနှင့် မအပ်စပ်သည့် ဥပဒေများ ပြင်ဆင်ရန် ပြည်သူ့လွှတ်တော်သို့ အရွေးခံခြင်းဖြစ်ဟု ဒေါက်တာညိုညိုသင်းပြော

ဒီမိုကရေစီနိုင်ငံနှင့် မအပ်စပ်သည့် ဥပဒေများ ပြင်ဆင်ရန် ပြည်သူ့လွှတ်တော်သို့ အရွေးခံခြင်းဖြစ်ဟု ဒေါက်တာညိုညိုသင်းပြော
by -
မဇ္ဈိမ
တိုင်းဒေသကြီးလွှတ်တော် ငါးနှစ်သက်တမ်းအတွင်း သင်ခန်းစာများယူပြီး ဒီမိုကရေစီနိုင်ငံနှင့် မအပ်စပ်သည့် ဥပဒေများပြင်ဆင်ရန် ပြည်သူ့လွှတ်တော်အမတ်အဖြစ် အရွေးခံခြင်းဖြစ်သည်ဟု ဒေါက်တာညိုညိုသင်းက မဇ္ဈိမသို့ ပြောသည်။

“အန်တီက ဥပဒေပညာရှင်ဆိုတော့ နိုင်ငံမှာအင်္ဂလိပ်ခေတ်ကတည်းက ပြဋ္ဌာန်းထားတဲ့ ဥပဒေ လေးရာကျော် ငါးရာ ဒီနေ့ ဒီမိုကရေစီနိုင်ငံတော်နဲ့ ဘယ်လိုမှ မအပ်စပ်တော့တဲ့၊ ခေတ်မမှီတော့တဲ့၊ ဖိနှိပ်ချုပ်ခြယ်တဲ့ ဥပဒေတွေကို ပြည်သူ့လွှတ်တော်ထဲရောက်ရင်ပြင်ဆင်မယ်။”ဟု ၎င်းက ပြောကြားသည်။

ကုန်ခဲ့သည့့် ငါးနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် အကျိုးများသည့် ဥပဒေများ၊ နည်းဥပဒေများနှင့် လက်တွေ့ကျသည့် အပြောင်းအလဲများ မလုပ်နိုင်ခဲ့ခြင်းကို သင်ခန်းစာ ယူ၍ လိုအပ်သည့် ဥပဒေများ ပြင်ဆင်ရေးစွဲရန် ပြည်သူ လွှတ်တော်သို့ သွားလိုခြင်းဖြစ်သည်ဟု ဆိုသည်။

ဥပဒေပညာရှင်လည်းဖြစ်သော ဒေါက်တာညိုညိုသင်းက တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ ၏ အားနည်းချက်များ၊ အစိုးရ၏ အားနည်းချက်များကို ကောင်းကောင်းသိရှိသောကြောင့် ဒေသန္တရ အုပ်ချုပ်ရေး၊ တိုင်းနှင့် ပြည်နယ်အုပ်ချုပ်ရေး အတွက် ပြည်သူ့လွှတ်တော်တွင် လိုအပ်သည့် ဥပဒေများ တိုင်းပြည်အကျိုးပြုစေရန်် ရေးစွဲနိုင်မည််ဟု ပြောကြားသည်။

ဒေါက်တာညိုညိုသင်းသည် လက်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်ဖြစ်ပြီး လာမည့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းရာ အရွေးမခံရသဖြင့် တစ်သီးပုဂ္ဂလအနေနှင့် ဗဟန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်သို့ ဝင်ရောက်အရွေးခံမည်ဖြစ်သည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...