လာမည့် စက်တင်ဘာလ ၂၂ ရက် နှင့် ၂၃ ရက်များတွင် တရားခံအဖြစ် သံသယရှိသူ ကုုိဇော်လင်းနှင့် ကုုိဝင်းဇော်ထွန်း တုုိ့ကုုိလည်း ဆက်လက်စစ်ဆေးသွားမည်ဟုလည်း သိရသည်။
၂၀၁၄ ခုုနှစ် အောက်တုုိဘာလ ရ ရက်က မြန်မာသံရုံုးအဖွဲ့ ၉ ယောက်မှ တရားခံများအား အကျဉ်းထောင်သုုိ့ သွားရောက်မေးမြန်း စဉ် နှိပ်စက်ညှဉ်းပန်းခြင်းကြောင့် ဝန်ခံခဲ့ရသည်ဟုု သံသယရှိခံရသူ ၎င်းတို့နှစ်ဦးက ပြောဆုုိမှုအပေါ် တရားခွင်သုုိ့ တရားဝင်ထွက်ဆုုိ သွားမည်ဖြစ်ကြောင်း မြန်မာသံရုံးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
“တရားခံတွေက သူတုုိ့ကုုိ နှိပ်စက်လုုိ့ ဝန်ခံတယ်ဆုုိတာကိုု ထွက်ဆုုိမှာပါ။ ဆရာမက မြန်မာနုုိင်ငံမှာ ရှိတဲ့ လူမျိုး ၁၃၅ မျိုး ထဲက ရှိတယ်။ အဲဒီလုုိ ကွဲပြားတာကုုိ အဲဒီဘာသာပြန်က ပြောတာကုုိ ရာနှုန်းပြည့် မှန်ကန်မှု မရှိဘူးဆုုိတာကိုု ထွက်ဆုုိမှာပါ။”ဟုု သူက မဇ္စျိမသို့ ပြောသည်။
ဘန်ကောက်မြို့ရှိ တက္ကသုုိလ် တစ်ခုုမှ ဆရာမ ဒေါ်သန္တာနွယ်ကလည်း တရားခံပြသက်သေအဖြစ် ထွက်ဆုုိမည်ဖြစ်ကြောင်း ပြော သည်။ မြန်မာရွှေ့ပြောင်းလုုပ်သား ၂ ဦးဘက်မှ တရားခံပြသက်သေ ၃၂ ဦးအား စစ်ဆေးရန် တရားရုံးတွင် တင်ပြထားခြင်း ဖြစ်သည်။
မြန်မာရွှေ့ပြောင်းလုုပ်သား ၂ ဦး၏ DNA နှင့် လူသတ်လက်နက်အဖြစ် အသုံုးပြုခဲ့သည်ဟု သတ်မှတ်ထားသည့် ပေါက်ပြားရုုိးပေါ်မှ ရရှိသည့် DNA နှင့် တူညီမှု မရှိကြောင်း ထုုိင်းနုုိင်ငံ ဗဟုုိမှုခင်းဆေး ပညာသိပ္ဗံဌာန ညွန်ကြားရေးမှူး ဒေါက်တာ ဖွန်းထစ်ရိုကျနာစူလန်က တရားခံဘက်က သက်သေအဖြစ် တရားခွင်တွင် စက်တင်ဘာလ ၁၁ ရက်က ထွက်ဆုုိခဲ့သည်ဟုု ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။
“ပေါက်တူးမှာတွေ့တဲ့ ဒီအန်အေနဲ့ ဒီကလေးတွေရဲ့ ဒီအန်အေနဲ့တုုိက်ဆုုိင် စစ်ဆေးတဲ့အခါမှာ လုံုးဝ တူညီမှု မရှိဘူးဆုုိတာ ပြောပါတယ်။ ဒါကြောင့်မုုိ့ ဒေါက်တာ ပြောသွားတာကတော့ ပေါက်တူးမှာရှိတဲ့ ဒီအန်အေသမားကုုိသာ လူသတ်မှုအရ တွေ့အောင် ရှာရမှာဖြစ်ပါတယ်လုုိ့ ထွက်ဆိုုသွားပါတယ်။”ဟုု သူက ပြောသည်။
ဒေါက်တာ ဖွန်းထစ်က ၎င်းတုုိ့ဌာန၏ DNA စစ်ဆေးမှုသည် ခုုိင်လုံုသော အထောက်အထားများ ရှိကြောင်းနှင့် လူသတ်လက်နက်အဖြစ် ပေါက်ပြားရိုးတွင် တွေ့ရှိသည့် DNA ပိုင်ရှင်ကုုိ ရှာဖွေရန် တောင်းဆုုိထားသည်ဟုု သိရသည်။
ထုုိ့အပြင် တရားစွဲအဖွဲ့ အနဖြင့် အမှုဖြစ်ပွားစဉ် တရားခံအား ဖော်ထုုတ်ရာတွင် ဆံပင်နှင့် ပတ်သက်၍ စုံုစမ်းဆောင်ရွက်မှု မပြုခဲ့ခြင်းသည် မှားယွင်းကြောင်း ထွက်ဆုုိခဲ့သည်ဟုု သိရသည်။
အသက်အန္တရယ်ကုုိ ခြိမ်းခြောက်မှုနှင့် နှိပ်စက်ရိုက်နက်မှုများ ခံခဲ့ရသဖြင့် မခံနုုိင်တော့၍ နောက်ဆုံုး ဝန်ခံခဲ့ရသည်ဟုု တရားခံ ကုုိဇော်လင်းက ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်က တရားရုံးတွင် ထွက်ဆုုိခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၄ ခုုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က ဗြိတိန်နုုိင်ငံသား ဟန်နာဝီသာရစ်နှင့် ဒေးဗစ်မေလာတုုိ့ သတ်ခံရမှုတွင် တရားလုုိ ထုုိင်းရဲတပ်ဖွဲ့ဘက်မှ သက်သေပေါင်း ၃၆ ဦးအား စစ်ဆေးရာတွင်လည်း တရားခံဟုု စွတ်စွဲခံရသော ကုုိဇော်လင်း နှင့် ကုုိဝင်းဇော်ထွန်းတုုိ့သည် လူသတ်မှုတွင် ကျူးလွန်ကြောင်း ထွက်ဆုုိခြင်း မရှိသေးကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။







