စက်တင်ဘာလ ရ ရက်နှင့် ၈ ရက် နံနက် ရ နာရီဝန်းကျင်တွင် မန်စီမြို့နယ် တောင်ဘက် ဗန်းမော်-မုုိးမိတ် သွားသည့် ကားလမ်းပေါ်ရှိ စီခန်း ကချင်လုုိ ဂျေခမ်းနေရာတွင် အစုုိးရ စစ်တပ်၏ တပ်ရင်း ၁၀၅၊ ၁၀၅ တပ်ဖွဲတုုိ့ နယ်မြေ စုုိးမုုိးရေး လုုပ်ဆောင်လာသဖြင့် နှစ်ဖက် တုုိက်ပွဲဖြစ်ပွားရခြင်း ဖြစ်သည်ဟုု KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗုုိလ်မှူး ဂျွန်းအောင်က ပြောသည်။
“မနေ့(စက်တင်ဘာ ရရက်နေ့)က ၉ နာရီ ၄၅ မိနစ်လောက်မှ တိုက်ပွဲဖြစ်တယ်။ ၁၀ မိနစ်လောက် ကြာတယ်။ ဒီနေ့မနက်လည်း ၈ နာရီ ၄၀ မိနစ်လောက်မှာလဲ တုုိက်ပွဲ ပြန်ဖြစ်တယ်။ ကျနော်တုုိ့နေတဲ့ ဘက်ကုုိ သူတုုိ့ ဝင်လာတယ်။ ဒီနေ့လည်း အစိုုးရဘက်က တနေကုုန် ညနေထိ ပစ်နေတယ်၊ အစုုိးရ စစ်တပ်က ကျနော်တုုိ့ဘက် တက်လာတယ်ဆုုိတော့ မသတ်နုုိင်ဘူး”ဟုု သူက မဇ္ဈိမသို့ ပြောသည်။
အစုုိးရ စစ်တပ်ဘက်မှ မုုိင်းနင်းမှုများလည်း ရှိနေသဖြင့် ကျဆုံုးမှု ရှိနေသည်ဟုု သိရပြီး KIA ဘက်ကမူ ကျဆုံုးသူ မရှိကြောင်း သူက ပြောသည်။
“မနေ့ကတုုိက်ပွဲမှာလည်း အစုုိးရဘက်က တဦးကျတာတွေ့ရတယ။် ဒီမနက်လည်း တဦးကျတာ တွေ့ရတယ်။ မုုိင်းနှင်းမိတာလည်း ရှိတယ်၊ အနည်းဆုံုး ၃၊ ၄ ယောက်လောက်ရှိမယ်ထင်တယ်”ဟုု သူက ပြောသည်။
မန်စီမြို့နယ်တွင် တုုိက်ပွဲဖြစ်ပွားမှု မရှိတော့သည်မှာ တစ်လခန့် ကြာပြီ ဖြစ်ပြီး ယခုု တုုိက်ပွဲပြန်လည် ဖြစ်ပွားလာခြင်းသည် အစုုိးရစစ်တပ်ဘက်မှ နယ်မြေစုုိးမုုိးရေး လုုပ်ဆောင်ခြင်းကြောင့် တုုိက်ပွဲဖြစ်ပွားရခြင်း ဖြစ်သည်ဟုု ဗုုိလ်မှူး ဂျွန်းအောင်က ပြောသည်။
လက်ရှိ အစုုိးရ စစ်တပ်နှင့် KIA တပ်ဖွဲ့တုုိ့ နီးကပ်စွာ ရှိနေသဖြင့် တုုိက်ပွဲများ ဆက်လက် ဖြစ်ပွားမည့် အခြေအနေတွင် ရှိနေသည်ဟုု သူက ဆက်လက် ပြောဆုုိသည်။
KIA တပ်ရင်း ၁၂ နမ်လင်းပါကျေးရွာတွင် အစုုိးရ စစ်တပ်နှင့် ပြီးခဲ့သည့် မေလ တစ်လခန့်ကြာ တုုိက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တုုိက်ပွဲများ လျော့ချရေး တွေ့ဆုံုဆွေးနွေးရန်အတွင်း ကချင်ပြည်နယ် အစုုိးရနှင့် KIO ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေးအဖွဲ့တုုိ့ စက်တင်ဘာလ ပထမပတ်တွင် တွေ့ဆုံုဆွေးနွေးရန် ညှိနှိုင်းထားသော်လည်း ထိပ်သီးခေါင်းဆောင်များ နေပြည်တော်တွင် တွေ့ဆုံုဆွေးနွေးနေခြင်းကြောင့် တုုိက်ပွဲမဖြစ်ပွားရန် နှစ်ဖက်တပ်များ ထိန်းသိမ်းရန်သာ ပြောဆုုိ၍ တွေ့ဆုံုမှု ရပ်ဆုုိင်းထားသည်ဟုု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG မှ ဦးဆန်အောင်က မဇ္စျိမကုုိ ပြောဆုုိထားသည်။
KIA ဒုုဥက္ကဋ္ဌ ဗုုိလ်ချုပ် အင်ဘန်လနှင့် အတွင်းရေးမှူး ဒေါက်တာလဂျာတိုု့ နှစ်ဦး အပါအဝင် တုုိင်းရင်းသား ထိပ်သီးခေါင်းဆောင် ၈ ဦးတိုု့ တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း အပြီးသတ်ဆွေးနွေးရန်အတွက် သမ္မတ ဦးသိန်းစိန်နှင့် စက်တင်ဘာလ ၉ ရက် နေပြည်တော်တွင် တွေ့ဆုံုဆွေးနွေးကြမည် ဖြစ်သည်။
အလားတူ ရှမ်းပြည်နယ် တောင်ပုုိင်း လွိုင်လင်မြို့ မုုိင်းပွန်ရှေ့ဘက် နမ့်မော်လင်လိန်ကျေးရွာ အနောက်ဘက်၊ ဆမ်ပူးကျေးရွာအနီးတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် အစုုိးရ စစ်တပ်တုုိ့ တုုိက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားပြီး နှစ်ဖက် ကျဆုံုးမှု ရှိနေသည်ဟုု ရှမ်းသံတော်ဆင့်သတင်းတွင် ဖော်ပြထားသည်။
အစုုိးရစစ်တပ်ဘက်မှ နယ်မြေစုုိးမုုိးရေး လုုပ်ဆောင်ခြင်းကြောင့် တုုိက်ပွဲ ဖြစ်ပွားရခြင်းဖြစ်သည်ဟုု RCSS ၏ ပြောရေးဆုုိခွင့်ရှိသူ ဗုုိလ်မှူးကြီး စုုိင်းလက ပြောဆုုိထားသည်။







