စစ်တပ်တွင်း မဲရုံများကို လေ့လာ၊ သတင်းယူလိုလျှင် တပ်စည်းကမ်းကိုလည်း လိုက်နာရမည်

စစ်တပ်တွင်း မဲရုံများကို လေ့လာ၊ သတင်းယူလိုလျှင် တပ်စည်းကမ်းကိုလည်း လိုက်နာရမည်
by -
မဇ္ဈိမ
စစ်တပ်အတွင်းထားရှိမည့် မဲရုံ၏ ပရဝဏ်အကျယ်အဝန်းကိုသာ မဲရုံမှူးက သတ်မှတ်ပေးမည်ဖြစ်ပြီး ကျန်စည်းမျဉ်းစည်းကမ်းများကိုလည်း တပ်ပိုင်းဆိုင်ရာက ချမှတ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးလှမောင်ချိန်က မဇ္စျိမသို့ ပြောသည်။

မီဒီယာနှင့် လေ့လာစောင့်ကြည့်သူများအနေဖြင့်လည်း တပ်တွင်းမဲရုံပရဝဏ်အတွင်းသာ သွားလာခွင့် ရမည်ဖြစ်သည်။

“မဆိုင်တဲ့နေရာတွေ ဓါတ်ပုံရိုက်တာမျိုးကျတော့ တပ်က သူတို့ဟာနဲ့သူတို့ အရေးယူပါလိမ့်မယ်။ အိမ်သာက မဲရုံပရဝဏ်နဲ့ ဝေးနေတာမျိုး ကျတော့ ကျွန်တော်မမြင်ရသေးလို့ မပြောနိုင်ပါဘူး။ သွားလို့ ရမယ့် ဧရိယာအထိ သွားလို့ရမယ်။ ကျန်တာ သူတို့တပ်က ကန့်သတ်ပါလိမ့်မယ်။”ဟု ၎င်းက ပြောသည်။

စစ်တပ်ဧရိယာအတွင်း မဲရုံဖွင့်လျှင် ကိုယ်စားလှယ်များ၊ လေ့လာစောင့်ကြည့်သူများ၊ မီဒီယာများအား ဝင်ရောက်ခွင့်ပြုရန် တပ်မတော်နှင့် ညှိနှိုင်းထားပြီးဖြစ်ကာ ဝင်ရောက်လေ့လာခွင့်မပြုပါက တပ်အပြင် မှာသာ မဲရုံဖွင့်ရမည်ဟု ကော်မရှင်ပြန်ကြားရေးတာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဦးကလည်း မဇ္စျိမသို့ ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကလည်း “စောင့်ကြည့်လေ့လာသူ သွားမလား၊ ကိုယ်စားလှယ်သွားမလား၊ မီဒီယာ သွားမလား။ မသွားရ နယ်မြေတော့ မသွားရဘူးပေါ့။ မနက် ၆နာရီကနေ ညနေ ၄နာရီ ဒါမှမဟုတ် မဲရေတဲ့ အချိန်တစ်ညလုံး စောင့်ကြည့်လို့ရပါတယ်။ ဒါကိ်ု ကျွန်တော်လည်း ပြောထားတယ်။ တပ်မတော်က အဲဒီလို အလာမခံချင်ဘူးဆိုရင် အပြင်မှာ မဲရုံဆောက်ပေးမယ်။ အပြင်မှာ မဲပေးဆိုပြီးတော့ ပြောထားတယ်။”ဟု မဇ္စျိမကို ဖြေကြားထားသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...